36 C
Yangon

စဉ့်ကူးမြို့နယ်တွင် ရွာသာယာရွာမှ စစ်သားနှင့်ပျူစောထီးများကို ဒရုန်းဗုံး၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

စဉ့်ကူးမြို့နယ်တွင် ရွာသာယာရွာမှ စစ်သားနှင့်ပျူစောထီးများကို ဒရုန်းဗုံး၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာမှ စစ်သားများနှင့် ပျူစောထီးများကို ဒရုန်းဗုံး၊ လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ် ကောက် ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာမှ အ ကြမ်း ဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်သည် မော်တော်စက်လှေအသေးကို စက်နှိုးခြင်းမပြုဘဲ တိတ်တဆိတ်လက်ဖြင့်လှော်ကာ ဆန် တက်လာစဉ် မှော်ဦးရွာနှင့် ရေလယ်မှော်ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများမှာ မော်တော်ကို စက်နှိုးပြီး လာလမ်းအတိုင်း ရွာသာယာရွာသို့ ပြန်ဆင်းပြေးသွားကြောင်း သိရသည်။

“စက်လှေကို အလာတုန်းက လက်နဲ့လှော်လာတာ၊ လှော်လာပြီးတော့ မှော်ဦးနဲ့ရလယ်မှော်ကြားက နေ ခြေလျင်တက်လာပြီး ဘောက်လိုက်ဆွဲတာ၊ ဘောက်လိုက်ဆွဲတော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တာ၊ ကျနော်တို့က ပြန်ပစ်တော့ သူတို့က ဆက်မပစ်ဘဲနဲ့ စက်လှေပေါ်ပြန်တက်ပြေးပြီး စက်နှိုးပြီး သူတို့ ရွာသာယာပျူရွာကို ခေါက်သွားတာ၊ အဲဒါကြောင့် ကျနော်တို့က မကျေနပ်လို့ ဆိုပြီး ၈ နာရီမိနစ် ၂၀ မှာ Fixed Wings နဲ့ပြန်ချလာတာ၊ ခွေးသေထိခိုက်မှုကတော့ မသိရသေးဘူး” ဟု ရွှေ ဘို ခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ် ကောက် ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ထို့ကြောင့် နံနက် ၈ နာရီ မိနစ် ၂၀ အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရွာသာယာရွာ ပျူစောထီးစခန်းအား Fixed Wings Drone ဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ပျူစောထီးများက Fixed Wings Drone ကို လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့နှင့် ရွှေဘို ခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ Eagle – သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article