29 C
Yangon

မလေးရှားပို့ပေးမည်ဟုဆိုပြီး လူ ၅၀ ဦးထံမှ တစ်ဦးလျှင် သိန်း ၃၀ နှုန်းဖြင့် Immortal Friends ကုမ္ပဏီက သိန်း ၁၅၀၀ လိမ်လည်သွား

Must read

မလေးရှားပို့ပေးမည်ဟုဆိုပြီး လူ ၅၀ ဦးထံမှ တစ်ဦးလျှင် သိန်း ၃၀ နှုန်းဖြင့် Immortal Friends ကုမ္ပဏီက သိန်း ၁၅၀၀ လိမ်လည်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မလေးရှားပို့ပေးမည်ဟုဆိုပြီး လူ ၅၀ ဦးထံမှ တစ်ဦးလျှင် သိန်း ၃၀ နှုန်းဖြင့် သိန်း ၁၅၀၀ Immortal Friends ကုမ္ပဏီက လိမ်လည်သွားကြောင်း ငွေလိမ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီထံမှ တရားဝင် ခွင့်ပြုချက်ဖြင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီ ဖွင့်လှစ်ထားသော Immortal Friends ကုမ္ပဏီက မလေးရှားသို့ အလုပ်အကိုင်ဖြင့် ပို့ပေးမည်ဟုဆိုကာ လူ ၅၀ ဦးထံမှ တစ်ဦးလျှင် သိန်း ၃၀ နှုန်းဖြင့် သိန်း ၁၅၀၀ လိမ်လည်ကြောင်း၊ ယမန်နှစ် ကတည်းက လူ ၅၀ ဦးထံမှ ငွေကြေးများ ရယူပြီးနောက် ယခု ဇန်နဝါရီလတွင် ဗဟန်းမြို့နယ်၊တွင် ဖွင့်လှစ်ထားသော ရုံးခန်းကိုပါ ပိတ်သိမ်း၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

“မလေးရှားကို ပို့ပေးမယ်ဆိုပြီး မနှစ် ၃ လပိုင်းမှာ ပိုက်ဆံ တစ်ဦးကို သိန်း ၃၀ တောင်းတယ်။ အခုအချိန်အထိ မပို့ပေးဘူး။ ကျမကိုတော့ မနှစ် ၃ လပိုင်းမှာ ဆေးစစ်ပြီးတော့ ၁၅ သိန်းတောင်းတယ်။ ပြီးတော့ နယ်ကို ပြန်လွှတ်တယ်။ မနှစ် ၅ လပိုင်းမှာ ဆေးတစ်ခါ ထပ်စစ်ခိုင်းတယ်။ ဆေးစစ်ရတာက ရွှေဘုံစံ ဆေးခန်းမှာ စစ်ရတာပါ။ လူ ၅၀ လောက်ရှိတယ်။ အခုတော့ လွန်ခဲ့တဲ့ ၁ လလောက်မှာ ရုံးခန်းလည်းမရှိတော့ဘူး။ အပြီးပိတ်သွားတယ်။ လိမ်သွားတာပေါ့” ဟု ပျော်ဘွယ်မြို့နယ်မှ ငွေကြေးလိမ်ခံရသူတစ်ဦးက ပြောဆိုသည်။

ငွေကြေးလိမ်လည်သွားသည့် အဆိုပါ ပြည်ပအလုပ်အကိုင်အေဂျင်စီကို ဦးစိုင်းနိုင်ထွန်းဆိုသူက လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။

“ရဲတိုင်လည်း အကြောင်းကထူးလာမှာမဟုတ်ပါဘူး။ ကျမတို့ကသူ့ကိုသတင်းမီဒီယာမှာတင်လိုက်ရင် ကျမတို့ငွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုအမြန်ဖြေရှင်းပေးစေချင်တာပါ” ဟု အလိမ်ခံရသူ ပြည်သူတစ်ဦးက ရှင်းလင်း ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက Immortal Friends ကုမ္မဏီထံ ဆက်သွယ်မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- ပြည်ပသွားရောက် အလုပ်လုပ်ကြမည့်မြန်မာအလုပ်သမားများ OWIC ကတ် ပြုလုပ်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article