25 C
Yangon

နတ်မောက်မြို့နယ်တွင် အရပ်ဝတ်ဖြင့် ခရီးသွားရန် ထွက်လာသည့် အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်မောက်မြို့နယ်တွင် အရပ်ဝတ်ဖြင့် ခရီးသွားရန် ထွက်လာသည့် အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘစိုင်းကို ပစ်ခတ် ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘစိုင်းသည် ပုဂံသို့ ရထားဖြင့် သွားရန် သားမျှားဘူတာသို့ ဆိုင်ကယ် ဖြင့် ထွက်လာကြောင်း၊ ဂွေးကုန်းကျေးရွာ‌ တောင်ဘက် တစ်ဖာလုံခန့်အကွာအရောက် တော်လှန်ရေးတပ်ဖွဲ့က အရပ်ဝတ်ဖြင့် သွားလာနေသော ဗိုလ်မှူးဘစိုင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ် တောင်လှန်ရေးတပ်ဖွဲ့များက သတင်းရရှိ၍ ကြို တင် စောင့် ဆိုင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article