25 C
Yangon

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်မှု ကြောင့် နေအိမ် ၃၄ လုံး မီး လောင် ပြာကျခဲ့ရပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီး

Must read

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်မှု ကြောင့် နေအိမ် ၃၄ လုံး မီး လောင် ပြာကျခဲ့ရပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် နေအိမ် ၃၄ လုံး မီးလောင် ပြာကျခဲ့ရပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်စခန်းမှ လက်နက်ကြီးများဖြင့် ချုံအင်းကျေးရွာသို့ ၃ လုံး၊ တောင်ခင်ကျေးရွာသို့ ၂ လုံး၊ ခမရ-၂၀ မှ ချုံအင်း ကျေးရွာသို့ လက်နက် ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁ ကျောင်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ−၃၀၇ ရွှေဝါတပ်ရင်းက ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့အတွင်းသို့ ၂ လုံး၊ ပိန်းဇလုပ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းက လက်နက် ကြီးများဖြင့် နတ်သံကွင်း မြို့အတွင်းသို့ ၉ လုံး၊ တောင်ခင်ကျေးရွာသို့ ၄ လုံး၊ အလှိုင်ကျေးရွာသို့ ၂ လုံး၊ ကြိတ်ကွင်း ကျေးရွာသို့ ၃ လုံး၊ ဘုရားငုတ်တိုကျေးရွာသို့ ၁ လုံး စုစုပေါင်း ၁၉ လုံး ပစ်ခတ်ခဲ့ရာ နတ်သံကွင်း မြို့အတွင်းရှိ နေအိမ် ၃ လုံး၊ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဘုရားငုတ်တိုကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ တောင်ခင် ကျေးရွာသို့ ၁ လုံး၊ အလှိုင်ကျေးရွာသို့ ၂ လုံး စုစု ပေါင်း (၅) လုံး ကျဲချခဲ့ရာ တောင်ခင်ကျေးရွာမှ နေ အိမ် ၂ လုံးနှင့် နွားတင်းကုပ် ၁ လုံး တို့ မီးလောင်ပြာကျခဲ့ကြောင်း ၊ ကုန်းချောင်းဝကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှလည်း ကေအဲန်ယူ-မူးမြို့ နယ် အတွင်းရှိ ရေတွင်းကုန်းကြီး ကျေးရွာအတွင်းသို့ ၆၀ မမ လက်နက် ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့သေး ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီခွဲအချိန်အထိ အကြမ်းဖက် စစ်ကောင် စီတပ်များက နတ်သံကွင်းမြို့သို့ လက်နက်ကြီးစုစုပေါင်း ၃၂ လုံး ပစ်ခတ်ခဲ့ရာ နတ်သံကွင်း မြို့ရှိ နေ အိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီ ၁၀ မိနစ်အထိ ကုန်းချောင်းဝကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်တပ်များက နတ်သံကွင်းမြို့သို့ လက်နက်ကြီးစုစုပေါင်း ၃၅ လုံးထပ်မံ ပစ် ခတ်ခဲ့ရာ နတ်သံကွင်းမြို့မှ နေအိမ်နောက်ထပ် ၆)လုံ ထပ်မံမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးစွဲလောင် နေမှုအား အဝေးမှတွေ့မြင်ရသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article