25 C
Yangon

ဟိုပုံး၊ လွယ်ဝိုးတုတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် ၈ လုံး မီးလောင်ပျက်စီး၊ ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီဝင်းအတွင်းတွင် လက်နက်ကြီးတပ်ဆင်ရန် စစ်တပ်က မိုင်းခွဲနေရာရှင်းလင်း

Must read

ဟိုပုံး၊ လွယ်ဝိုးတုတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် ၈ လုံး မီးလောင်ပျက်စီး၊ ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီဝင်းအတွင်းတွင် လက်နက်ကြီးတပ်ဆင်ရန် စစ်တပ်က မိုင်းခွဲနေရာရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် လွယ်ဝိုးတုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ် အငြိုးအတေးဖြင့် လေကြောင်းမှ ၆ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၈ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုအပြင် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ် ကောင်စီတပ်က မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးအကြိမ်ရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက ၎င်းတို့ လက်နက်ကြီးများ ထားရှိရန် နေရာအတွက် ထမ်းဆမ်းရွှေတိဂုံပုံတူစေတီတော်ဝင်းအတွင်းရှိ အဆောက်အဦးတချို့ကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ်၊ ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ် ကောင စီနှင့်ပြည်သူ့စစ်များက ၎င်းတို၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ် ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိပြီး ယင်းလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှိနေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်း ဖြစ်ကြောင်း PNLA က ပြောဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့် အချိန်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေးပြီး ကာကွယ်ပေးနေရသည့် လုပ်ရပ်ကို သေချာသုံးသပ်စဉ်းစားကာ စစ်အာဏာရှင်လက်အောက်မှ ရုန်း ထွက်၍ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article