25 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသူ မြန်မာလူငယ် ၇ ဦးနှင့် သယ်ဆောင်လာသူ ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီး

Must read

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသူ မြန်မာလူငယ် ၇ ဦးနှင့် သယ်ဆောင်လာသူ ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသူ မြန်မာလူငယ် ၇ ဦးနှင့် သယ်ဆောင်လာသူ ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့များက မြန်မာနိုင်ငံသား ၇ ဦး တင်ဆောင်လာသော ထိုင်းကားတစ်စီးကို ဖမ်းဆီးရရှိကြောင်း၊ ယင်းနောက် စစ်ဆေးမှုများလုပ်ဆောင်ရာ တရားမဝင် ဝင်ရောက်လာသော မြန်မာများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

ထို့ကြောင့် ထိုင်းကားသမား၊ အသက် ၁၉ နှစ်မှ ၂၉ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသောမြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်မှုဖြင့် မဲဆောက်ရဲစခန်းက ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article