25 C
Yangon

လှိုင်သာယာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီးများ စစ်ဆေးစုဝေး သည့် နေရာ ၂ ခုကို မိနစ်ပိုင်းခြားပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ်

Must read

လှိုင်သာယာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီးများ စစ်ဆေးစုဝေး သည့် နေရာ ၂ ခုကို မိနစ်ပိုင်းခြားပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီး များ စစ်ဆေး၊ စုဝေးသည့်နေရာ ၂ ခုကို မိနစ်ပိုင်းခြားကာ အဆင့်ဆင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် ပကဖ ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် လှိုင်သာယာမြို့နယ်အရှေ့ပိုင်းရှိ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်အချိန် ၅ ထိပ်ရှိ ပေါင်းကူးတံတား အနီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စစ်ဆေးသည့်နေရာကိုလည်း ကောင်း၊ ည ၈ နာရီ ၈ မိနစ်အချိန် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်းကောင်း၊ ည ၈ နာရီ ၁၀ မိနစ်အချိန် ၁ ထိပ် ဘန်ကာ အနီး ပျူစောထီးများ စုဝေးရာနေရာကိုလည်းကောင်း အဆင့်ဆင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အဆင့်ဆင့်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လှိုင်သာယာ အရှေ့ပိုင်း ၁၅ ရပ်ကွက်ရုံးအနီး Active Beer Bar မျက်စောင်းထိုး ကိုရီးယား သင်တန်း ကျောင်းရှေ့ မဥ္ဇူလမ်းထိပ်မှာ မနေ့ ည ၈ နာရီ မိနစ် ၄၀ မှာ အသံဗုံးပေါက်ကွဲခဲ့တယ်၊ တောင်ငူလမ်းမ ကြီးကို ပိတ်ပြီးစစ်ဆေးခဲ့တယ်၊ အထိအခိုက်မရှိဘူး” ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေသော အုပ်ချုပ်ရေး အဖွဲ့များ၊ ပျူစောထီးများ နှင့် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများ အနေဖြင့် ရပ်တန်းမှ ရပ်ကြ ရန်နှင့် ရပ်တန့်ခြင်းမရှိပဲ ပြည်သူလူထုကို ဆက်လက် ဒုက္ခပေးနေမည်ဆိုပါက ပြင်းပြင်းထန်ထန် အရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်၊ မြောက်ပိုင်းခရိုင် ပကဖက သတိပေးထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညအချိန် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article