25 C
Yangon

အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ

Must read

အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံ ရေးတပ်ဖွဲ့ (စရဖ)ရုံးအတွင်း၌ ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချန်ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ ၂ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး အတွင်းမှ ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ရုံးတစ်ခုလုံးမီးလောင်ကာ ပြာကျ သွားကြောင်း သိရသည်။

“အုတ်ဖိုစရဖရုံးထဲမှာ ဗုံးပေါက်ကွဲသံအကျယ်ကြီး ကြားရပြီးတော့ မီးလောင်သွားတာ၊ တစ်ရုံးလုံး ပြာကျသွားတယ်၊ လူထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး၊ သေတာတော့ မရှိဘူးလို့ သိရတယ်၊ ပြည် သူကတော့ ထိခိုက်မှုမရှိပါဘူး၊ စစ်ခွေးတွေရဲ့ လက်နက်တိုက်လည်း မီးလွတ်သွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မီးလောင်ရာနေရာသို့ အုတ်ဖိုမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ စရဖရုံးသည် စစ်ကြောရေးစခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည့် နေရာဖြစ်ကြောင်း သိရသည်။

“အဲဒီစရဖရုံးမှာ သာယာဝတီခရိုင်ထဲက ဖမ်းလာတဲ့ပြည်သူတွေကို စစ်ကြောရေး လုပ်တာ၊ မိန်းက လေးတွေဆိုရင် မုဒိမ်းကျင့်တာမျိုးလည်းရှိတယ်၊ ယောက်ျားလေးတွေဆိုရင် အမျိုးသားအင်္ဂါကို ခြေထောက်နဲ့ကန်တာ၊ အသတ်ခံရသူတွေလည်းရှိတယ်၊ အဲဒီစစ်ကြောရေးက ပြန်လာတဲ့သူတွေဆို ရင်မကြာဘူးသေတယ်၊ အဲဒီရုံးထဲမှာ နှိပ်စက်ခံရလို့ မင်းလှက ကိုပတ်တီးလည်းသေတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article