26 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

Must read

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏဆိုသလို မီးတင်ရှို့နေခြင်း ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လက်ရှိအချိန်အထိ မီးတင်ရှို့နေဆဲဖြစ်ကြောင်း သိရှိရသည်။

“တစ်ရွာလုံး ကွင်းပြောင် ဖြစ်အောင် လုပ်မယ့်သဘောဖြစ်နေတယ်။ ရှို့မရတဲ့အိမ် စက်နဲ့ထိုးမယ် ပြောတယ်။ အခုက ပုဇွန်မြောင်း အရှေ့ပိုင်း ညောင်လွန့်တောရကျောင်း အလွန်ဘက် တကြောလုံး လောင်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ပုဇွန်မြောင်းရွာတွင် ဝင်ရောက်တပ်စွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရ၍ ရွာထဲတွင် ပြည်သူတစ်ဦးမှ မရှိတော့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ယမန်နှစ်ကတည်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပုဇွန်မြောင်းကျေးရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးတင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article