36 C
Yangon

မြိုင်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံး၊ ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မြိုင်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံး၊ ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေကြောင်း Earthquake People’s Defense Force မှ သတင်းပြန် ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက မြိုင်မြိုနယ်၊ ကိုင်းတောမရဲစခန်းနှင့် စက်တွင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက် အင် အား ၂၀ ခန့်သည် ပြည်သူ့နေအိမ်များအ တွင်းရှိ စားနပ်ရိက္ခာများ လုယက်ခိုးယူရန် ထွက်ခွာလာစဉ် ကိုင်းတောမရွာအရှေ့စခန်းနှင့် မိတာ ၂၀၀ ခန့် အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ ထွက်လာ သည့် ရဲ ၂ ဦးအနက်တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးသွားကြောင်း သိရသည်။

“ပြည်သူပိုင်အိမ်တွေထဲကနေပြီး ရိက္ခာတွေ ခိုးယူစုဆောင်းဖို့ ထွက်လာတာ၊ သူတို့က ရိက္ခာပြတ်ရင် ရွာတွေထဲကို စစ်ကြောင်းထိုးပြီး ရိက္ခာရှာနေကြ၊ တိုက်ပွဲက ၄၅ မိနစ်လောက်ဖြစ်တယ်၊ ရှေ့ဆုံးက ထွက်လာတဲ့ ရဲ ၂ ဦးထဲက တစ်ဦးသေတယ်၊ ပျောက်နေတဲ့ တစ်ဦးကလည်း သေလောက်တယ်၊ စစ် ခွေးတွေလည်း လိုက်ရှာနေကြတယ်၊ မတွေ့သေးဘူး၊ ကျနော်တို့တပ်ဖွဲ့မှာ လက်နက်ခဲယမ်းလို အပ်ချက်ရှိပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု Earthquake People’s Defense Force မှ သတင်းပြန် ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့သို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား များအသုံး ပြုသည့် စကားပြောစက်တစ်လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ တောအရက်ဗူး ၃ ဘူး ၊ ၄၀မ အသီးတစ်လုံး၊ ဖိနပ်တစ်ရံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ Pakokku People’s Defense Force ၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့၊ Myaing UAV Fighter Drone အဖွဲ့နှင့် Earthquake People’s Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ဝဲတူးစစ်တပ်စခန်းဘက်သို့လက်နက်ခဲယမ်းထောက်ပို့ပေးရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နေ့ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ဝဲတူးစစ်တပ်စခန်းသို့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြိုင်ပကဖ တပ်ရင်း ၁ နှင့် ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့မှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့မရဲစခန်းကို လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဝင်များ ထိခိုက် သေဆုံးနိုင်ကြောင်း ဆားလင်းကြီးမြို့နယ် ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ကျော်ဇောက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညအချိန် ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီု ၂၇ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် က ပြောကြားသည်။

“စခန်းအတွင်း ၁၅လုံး နီးပါးကျရောက်ခဲ့တယ်။ စစ်တပ်ဘက်က တရပ်စပ်ပြန်လည်တိုက်ခိုက်ခဲ့တယ်။ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိပါဘူး”ဟု ဆားလင်းကြီးမြို့နယ် ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုကို SPDF၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဇာနည်သွေးပြောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article