25 C
Yangon

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်နှင့်ပျူစောထီးများက ၄ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်နှင့်ပျူစောထီးများက ၄ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ၄ ရက် ဆက်တိုက်မီးရှို့ဖျက်ဆီးနေမှုကြောင့် ပြည်သူထောင်ချီထွက် ပြေးနေရကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့စ၍ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၊ ဟံသာဝတီရွာ၊ ကုက္ကားကျေးရွာတို့ ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၂၀၀ ခန့်မှ ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ထိုး လာပြီး ကလေး – ဂန့် ဂေါ လမ်းမကြီးဘေးရှိ မှန်တောကျေးရွာ၊ ပြည်ခိုင်ဖြိုးကျေးရွာနှင့် အောင် သာယာကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး လျက်ရှိရာ ကျေးရွာနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” နေ့တိုင်းမီးတောက်တွေမြင်နေရတယ်။ ဘယ်နှလုံးလောင်လို့ ဘယ်နှလုံးကျန်မယ်မပြောနိုင်ဘူး။ နေ့တိုင်းကြီးဆိုတော့ အိမ်ကတော့ သိပ်မကျန်လောက်ဘူး၊ သူတို့စစ်ကြောင်းထိုးတုန်းက မိုင်းတော် တော်များများမိကြတယ်။ အဲ့ဒါကိုမကျေနပ်လို့ ခုလိုရက်ဆက်မီးရှို့နေတာ” ဟု ကလေးတောင်ပိုင်း ဒေသနေ တစ်ဦး ကပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ကလေးမြို့ပေါ်အပါအဝင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၊ စစ်ကြောင်းများ ရှိသည့် ကျေးရွာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစော ထီး များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article