26 C
Yangon

လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်း၊ လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံးမြို့မရဲစခန်းမှ ရဲတပ်သား အပြောင်းအရွှေ့ပြုလုပ်စဉ် အရပ်သားကားဖြင့် ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁ စီးကို လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် လောင်းလုံး PDF က ဖမ်းဆီးခဲ့ပြီး ကားပေါ်ပါလာသည့် ပစ္စည်းများကို သိမ်းဆည်း၍ ကားသမားနှင့် ကားအားပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“လောင်းလုံးရဲစခန်းကနေ ထားဝယ်ဘက်ကို လာတဲ့ လမ်းမှာ အရပ်သားကားနဲ့ အချောဆွဲပြီး တင်ပေးလိုက်တာ လောင်းလုံးက ဌာနဆိုင်ရာ ရုံးတွေ တစ်ဖြည်းဖြည်းပြောင်းနေကြတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန်-၃ ကင်းမြီးကောက်ပြောက်ကျားတပ်စုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွား ပြည်သူများ အနေဖြင့်လည်း ကားများကို မှန်ချမောင်းနှင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article