25 C
Yangon

အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ ရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီကျော်အချိန် အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံးနှင့် အင်းစိန်ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲသံ ၂ ကြိမ်ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အင်းစိန်CID မှုခင်းရဲတပ်ဖွဲ့ ရုံးရှေ့ အပါအဝင် လမ်းများအားလုံး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ညပိုင်း ဗုံးပေါက်ပြီးတော့ ၁၀ မိနစ်လောက်အကြာ ည ၉ နာရီ ၃၀ လောက်မှာ စစ်တပ်နဲ့ရဲက အဲဒီနားပတ်ဝန်းကျင်တစ်ခုလုံးမှာ ဂိတ်တွေချပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်။ ဥပမာ-အင်းစိန်၊ မင်းကြီးလမ်း အင်းစိန်ဆေးရုံရှေ့မှာဆိုရင် အစစ် အဆေးအရမ်းကြမ်းတာ။ လူတွေကို သေနတ်တွေနဲ့ချိန်ပြီး ကားပေါ်ကနေ ဆင်းခိုင်းတယ်။ နောက်ဖုံးတွေ ဖွင့်ခိုင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်ကမူ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အထိအခိုက် အခြေအနေ မသိရှိရသေးကြောင်း ပြောဆိုသည်။

ဓာတ်ပုံ – အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံး ဂိတ်အ၀။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံး ဂိတ်အ၀။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article