25 C
Yangon

ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး

Must read

ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။

ကော့ကရိတ်မြို့အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု တိုက်ပွဲ များကြောင့် မြို့တွင်းနေ ပြည်သူများသည် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရချိန်၌ ကော့ကရိတ်မြို့တွင် အခြေစိုက် တပ်စွဲ နေရာယူထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ ၊ ခလရ ၃၄၃ ၊ ခလရ ၅၄၈ ၊ မခရ ၂၀၇ ၊ ခမရ ၂၀၁ နှင့် ခမရ ၂၀၃ တပ်ရင်းတို့မှ မြို့တွင်း ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်း ယူဆောင်သွားခြင်း၊ ပြည်သူပိုင် အိုးအိမ် ဆိုင်ခန်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် နေ့စဥ်နှင့် အမျှ လိုက်လံ ဗုံးကျဲ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့အတွင်းရှိ အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့အတွင်း ဝင်ရောက်နေရာယူထားသည့် (K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တည်ရှိနိုင်မည့် နေရာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဥ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲပစ်ခတ်ခြင်း နှင့် ရပ်ကွက်တွင်းရှိ ပြည်သူပိုင်အိုးအိမ် ဆိုင်ခန်းများကို မီးတင်ရှို့ ဖျက်ဆီးခြင်းများ ထပ်မံ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ၏ မီးတင်ရှို့ဖျက်ဆီးမှုနှင့် ဗုံးကျဲ ပစ်ခတ်မှုများကြောင့် ကော့ရိတ်မြို့တွင်းရှိ ပြည်သူပိုင် အိုးအိမ် ဆိုင်ခန်း မြောက်များစွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

KNU – ကရင်အမျိုးသားအစည်းအရုံး (K.N.L.A) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဦးဆောင်မှုပြု၍ စစ်ရေးအရ စနစ်ကျသော စစ်ရေးဗျူဟာများဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုအတွက် အထူးအရေးပါသော အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ မြို့တွင်းတစ်ခုလုံး သိမ်းပိုက် ထိန်းချုပ်နိုင်ရန် နှင့် အုပ်ချုပ်ရေး ယန္တရားများ ချမှတ်ထားနိုင်ရန် စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲများအား နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့အတွင်းတွင်လည်း (K.N.L.A ) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်နေခဲ့သည့်အတွက် (K.N.U) ကရင်အမျိုးသားအစည်း အရုံးမှ ဦးဆောင်ကာ မြို့တွင်းနေ ပြည်သူများကို ဘေးလွတ်ရာ နေရာဒေသများကို ရွေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article