25 C
Yangon

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ

Must read

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နှင့် ထန်းဇင်ရွာရှိ လယ်ကွင်းများသို့ သွယ်တန်းထားသည့် မူးရေမြောင်းကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ပိတ်ဆို့ထား၍ လယ်ဧက ၁၀၀၀ ခန့် နွေစပါးစိုက်ပျိုးရန် ရေအခက်အခဲဖြစ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မူးရေမြောင်းသည် သီလုံးရွာဘေး လာသည့် မူးမကြီး၏ မူးခွဲတစ်ခုဖြစ်ပြီး အဆိုပါ မူးရေမြောင်းကို ပိတ်ထား၍ တောင်သူများ အခက်အခဲ ဖြစ်နေကြောင်း၊ တောင်သူများက ရေမြောင်းကို သွားဖွင့်သော်လည်း သေနတ်နှင့် ပစ်၍ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

” မူးကို ပိတ်ထားတာ တောင်သူတွေ ဖေဖော်ဝါရီလ ၂၄ရက်နေ့က သွားဖွင့်တယ်။ ပျူတွေက သေနတ်ပစ်လို့ ထွက်ပြေးရတယ် ။ အခုဘယ်သူမှ မသွားရဲတော့ ရွာနှစ်ရွာဖြစ်တဲ့ ဆိပ်ခွန်နဲ့ ထန်းဇင်ရွာက လယ်ဧက ၁၀၀၀ ခန့် စိုက်ပျိုးဖို့ အခက်တွေ့နေပါတယ်။ တောင်သူတွေက ရေတွင်းကနေ စက်ဆုပ်ပြီးစိုက်ပျိုးဖို့လည်း မလွယ်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သီလုံးရွာ တောင်ပိုင်းတွင် ပျူစောထီးများကစောင့်နေ၍ မူးဘောင်ပေါ်တက်လာသည့် တောင်သူများကို ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပျူစောထီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article