26 C
Yangon

လောင်းလုံးမြို့နယ်တွင် ထားဝယ်လူထု သပိတ်စစ်ကြောင်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်နေ့ အဖြစ် ထောင်နှင့်ချီသော ပြည်သူများ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ကာ ထားဝယ်လူထု သပိတ်စစ်ကြောင်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရမှု ဝမ်းနည်းဖွယ် ၃ နှစ်ပြည့်နေ့ အဖြစ် “လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတရပ်လုံး သွေးဆူကြဟေ့” စာတန်း ကိုင်ဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲကို ဒေသ ပြည်သူလူထု ထောင်နှင့်ချီ ပူးပေါင်းပါဝင်ခဲ့ပြီး ၄ မိုင်ခန့် လမ်းလျှောက်ချီတက်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းတစ်ခုအတွင်း ထားဝယ်ခရိုင် လူထုသပိတ်တွင် ကျဆုံးသွားသည့် ဒီမိုကရေစီ သူရဲကောင်း ၄ ဦးနှင့်အတူ ပြည်သူ့ အာဇာနည်များကို လွမ်းသူပန်းခွေချ ဂါဝရပြုကာ ကော်မတီ၏ ထုတ်ပြန်ချက်ကို ဖတ်ကြားပြီး တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article