37 C
Yangon

ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

■ ထားဝယ် နည်းပညာတက္ကသိုလ်ကျောင်းမှ Non-CDM ပါမောက္ခချုပ် ၃ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီး ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီး ဘုရားမဲစစ်ဆေးရေးဂိတ်နှင့်ကပ်လျှက် ဘုရားမဲ ဘုန်းကြီး ကျောင်းအတွင်း တပ်စွဲနေထိုင်သော ကာကင်းစခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော် – BHA တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝင်ပစ်တဲ့အချိန်မှာ သူတို့ ကာကင်းယူတဲ့နေရာမှာ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်ဗျ၊ ကျန်တဲ့ ကောင်တွေက ဒဏ်ရာနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ထဲဝင်ပြေးသွားတာဗျ၊ မျက်မြင်သေတာက ၂ ကောင်ပေါ့၊ ညမှာ ၃ ကောင်ထပ်သေတယ်ဗျ၊ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု ဗထူးတပ်မတော် – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ MA-3 သေနတ် ၂ လက် ၊ ကျည်ဘောက် ၆ ခု ၊ ၄ဝ မမ ဗုံးသီး ၆ လုံး ၊ ၅.၅၆ ကျည် ၂၀၄ တောင့် ၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်း ဆောင်ရွက်နေသည့် Non-CDM ဒု-ပါမောက္ခချုပ် ဦးကျော်အောင် ၊ ပါမောက္ခ ဒေါ်စုစုလတ်နှင့် ပါမောက္ခ ဒေါ်နန္ဒာလွင် တို့ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလာခဲ့ကြောင်း ဗထူးတပ်မတော် – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ကျနော်တို့ ထိန်းသိမ်းလာတာကတော့ ဒုပါချုပ်ပါ ၃ ဦးဗျ၊ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းပြီး စစ်ဆေးထားနေပါတယ်” ဟု ဗထူးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာ နေ ထိုင် ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်များအား လေးစားလိုက်နာကြရန် အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့် အ ကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article