26 C
Yangon

ချောင်းဦးမြို့တွင် ထမင်းထုပ် ပို့ပြီး ပြန်လာသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ချောင်းဦးမြို့တွင် ထမင်းထုပ် ပို့ပြီး ပြန်လာသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် ထမင်းထုပ်ပို့ပြီး ပြန်လာသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကျောက်တန်းဘက်မှ စစ်ကြောင်းထိုးပြီး မြပုလဲ စစ်တပ် စခန်းကို ပြန်လည်ရောက်ရှိလာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ချောင်းဦးမြို့ ရှိ စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သားများ ထမင်းထုပ်ပို့ပြီး ပြန်လာစဉ် ချောင်းဦးမြို့အဝင် ဘောလုံးကွင်း အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် jammer ကား ၁ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိပြီး jammer ကားကို ဖောကားဖြင့် လာရောက် ဆွဲယူသွားကြောင်း၊ ချောင်းဦးမြို့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာရှိသော စစ်ကောင်စီ တပ်သားများ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article