27 C
Yangon

တန့်ဆည်မြိုနယ် ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိဖျက်ဆီး၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွား

Must read

ကျေးရွာ ၄၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိဖျက်ဆီးပြီး ပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကံထူးမရွာကို မီးရှိဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေရင်း၊ ကော်တက်၊ ခနောရွာသစ်၊ ဖိုနှုတ်နှင့် ရွာသစ်ကုန်း စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိ ဖျက်ဆီးပြီး ကျေးရွာများကိုလည်း လူသာဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ကံထူးမရွာမြောက်ဘက်ရှိ နွားကူး၊ တောင်ကျောင်း၊ လိပ်ခြံ၊ မဒိုင်ကျင်း၊ ရွာသစ်ကုန်း၊ ရေရှင်၊ ပန်းထိမ်ကုန်း၊ အင်ရေအိုး၊ အင်ပင်အိုင်၊ ဇီးပေါက်၊ ကံကလေးကုန်း၊ ကံသာ၊ သစ်ရာပင်၊ သစ္စေးပင်လှ၊ ကျီးကန်၊ အိုင်ယားရှည်၊ ကြောင်ဆင်းအိုင်၊ ဆပ်ပြာအိုင်၊ ကံထူးမရွာတောင်ဘက်ရှိ ကျောင်းကုန်း၊ လယ်တီး၊ လယ်မ၊ ရွှေဂူ၊ ထန်းတောစု၊ သရက်ကုန်း၊ ဝါးရုံရင်း၊ ဆင်သေကုန်း၊ လက်ဆည်ကန်၊ ကံထူးမရွာအရှေ့ဘက်ရှိ သရက်ခါး၊ မရမ်းမိ၊ ရေရှင်ကုန်း၊ ကြက်ဆူကန်၊ ပေကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ကော်တက်၊ အုပ်ရှစ်ကုန်း၊ ဖိုနှုတ်၊ ဆန်ဆွဲ၊ ဒေါင်ကွေး၊ စီးကြီး၊ ရွှေတုံး၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူ သတ်ဖြတ်ခံရမှုက ၂ ဦးပဲ အတည်ပြု ထားနိုင်သေးတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူလည်း များသလို အဆက်သွယ်မရတဲ့ပြည်သူတွေလည်းရှိနေတယ်။ သတ်ဖြတ်ခံရသူလည်း ၂ ဦးမက များမယ်လိုခန့်မှန်းထားတယ်။ မီးရှိခံရတဲ့ ကျေးရွာတွေလည်း နေအိမ်ပျက်ဆီးမှု အတည်မပြုနိုင်သေးဘူး ဖုန်းလိုင်းကလည်း တန့်ဆည်အနောက်ခြမ်းမှာ အော်ရီတူး တခုသာမိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။ ကံထူးမ စခန်းသိမ်းခံရတာနဲ့ပက်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ဒီနေ့အထိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ကျေးရွာတွေကို ပစ်ခတ် စီးနင်းဝင်ရောက်တယ်။ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တယ်။ PDF ခေါင်းစဥ်တပ် သတ်ဖြတ်မှုတွေလုပ်တယ်။ နေအိမ်တွေကို မီးရှိဖျက်ဆီးတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်မထားသေးပဲ ဆက်တိုက်ပြုလုပ်ယုတ်မာနေကြတယ်။ စစ်ခွေး အင်အားက ၂၀၀ ကျော်တယ်။ ကန့်ဘလူနယ်က ဝါသဝပျူခွေးတွေရော ဘီလူးစစ်ကြောင်းရော တံတားဦးကနေ Y-12နဲ့ ချထားတဲ့ ခွေးတွေရော အကုန်ပေါင်းပြီးမွှေနေကြတယ်။ တချိုရွာတွေက အိမ်ခြေနည်းတော့ အကုန်ဆုံးရှုးပျက်ဆီးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှိဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီး သွားသည့် ဖိုနှုတ်ကျေးရွာကို တွေ့ရစဉ်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်တပ် မီးရှိဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီး သွားသည့် ဖိုနှုတ်ကျေးရွာကို တွေ့ရစဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article