25 C
Yangon

စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး

Must read

စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး

ရန်ကုန်၊ မတ် ၃

အကြမ်းဖက် စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ထားသော လောက် ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေးဘဲ သတင်းစုံစမ်းမရဖြစ်နေကြောင်း အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတချို့က ပြောဆိုကြသည်။

MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူး ချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် အရေးယူခဲ့ပြီးနောက် ၎င်းတို့၏ ဇနီးမယားများကိုပါ စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လောက်ကိုင်မှာလက်နက်ချတဲ့ ဗိုလ်ချုပ် ၆ယောက်ကိုပဲဖမ်းတာ မဟုတ်ဘဲ အမျိုးသမီးတွေကိုပါဖမ်းထားတာ။ ပုံမှန်ဆို ယောကျာ်းတွေဖမ်းရင် မိန်းမတွေကို ခဏတာခေါ်စစ်တယ်။ ပိုင်ဆိုင်မှုစစ်တယ်ပေါ့။ အခုက သူတို့ ယောင်္ကျားတွေကို အမိန့်ချတာ တစ်လတောင်ကျော်နေပြီ။ အမျိုးသမီးတွေကို ပြန်မလွှတ်ဘူး။ သူတို့ဗိုလ်မှူးချုုပ်တွေဆီမှာ ကလေးအငယ်တွေကျန်ခဲ့တယ်။ ဗိုလ်မှူးချုပ် တယောက်ပဲ ကလေးလုံးဝမရှိတာ။ ကလေးတွေနဲ့ပါအဆက်အသွယ်ပေးမလုပ်ဘဲ ဖမ်းထားတာ။ နောက်ထပ် တပ်မ ၁၀၁ တပ်မမှူးရဲ့ဇနီးကိုလည်းဖမ်းထားတယ်” ဟု အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက ယခုနှစ် ဇန်နဝါရီလအတွင်း သေဒဏ်ဒဏ်ချမှတ်ခဲ့သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် စစ်ခုံရုံးကို ဖွဲ့ စည်းပြီးနောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဒဏ်နှင့်ထောင်ဒဏ် နှစ် ၂၀ (တစ်သက်တစ်ကျွန်း) ပြစ်ဒဏ်များ ချမှတ်ရာ တွင် စစ်ခုံရုံးက တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (က) အရ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) တွင် ဤအက်ဥပဒေကို လိုက် နာရသူတဦးဦးသည် မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာ ကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျ နေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါ ပြုလုပ်မှု များ အနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန် တပ်မှူး တဦးဦး အားသော် လည်း ကောင်း၊ ၊ အခြားသူတဦးဦးအားသော်လည်းကောင်း၊ အတင်း အကျပ်ပြု ရန် ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံး ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့် စေရ မည်ဟု ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင် ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article