25 C
Yangon

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ

Must read

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၃

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တနင်္သာရီ SOF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သောစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“စစ်သား အလောင်း ၁၂ လောင်း ရရှိပါတယ်။ လက်နက် ၁၂ လက်သိမ်းဆည်းရရှိပါတယ်။ စစ်သားနဲ့ ပျူစောထီးတချို့ ထွက်ပြေးပါတယ်။ စခန်းကို မီးရှို့ရှင်းလင်းပြီး နယ်မြေကို ထိန်းသိမ်းလိုက်နိုင်ပါတယ်” ဟု တနင်္သာရီတိုင်း SOF မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ (T1) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (T5 SOF) နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ကို အသုံးပြုပြီး ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာ ရီ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ (T1) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article