25 C
Yangon

တောင်သာမြိုနယ်၊ ရုံးစည်ကြီးရဲစခန်းကို အနီးပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲဝင် ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြိုနယ်၊ ရုံစည်ကြီး ရဲစခန်းကို အနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Delta Force TTA တပ်ဖွဲမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တောင်သာမြိုနယ်၊ ရုံးစည်ကြီးရဲစခန်းရှေ့ရှိ ဂိတ် တည့်တည့် Slow Down နှစ်အကြားမှ ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများ စုဝေးနေစဉ် အနီး ကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ နာရေးကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“တစ်ယောက်သေတာ မြင်တယ်၊ နောက်မှ နာရေးကားဝင်ပြီးမှ လေးယောက်ဆိုတာ သိရတာ၊ ဂိတ် ရှေ့တည့်တည့် ပေ ၁၀၀ အကွာလောက် Slow Down နှစ်ခုကြားကနေ ဝင်ပစ်ခဲ့တာ၊ အုပ်စုဖွဲနေတဲ့အချိန်ဆိုတော့ ၄ ကောင်ရတာ၊ သွားတုန်း ကတော့ ၄၀ မမနဲ့ပစ်ဖိုပဲ၊ ၄၀ မမ မထွက်တာကို ခွေးတွေမြင်တော့ ပစ်မလိုလုပ်နေတုန်း နောက်က ရဲဘော်က ဝင်ပစ်လိုက်တာ” ဟု Delta Force TTA တပ်ဖွဲမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Delta Force TTA အဖွဲမှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်ရေး ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရုံးစည်ကြီး ရဲ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ ၁၅ ဦးခန့်ဖြင့် တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်၌လည်း အင်အား ၇၀ ခန့်ဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခု လှုပ်ရှားနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article