26 C
Yangon

ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျွန်းတော (ကျွန်းခြံ) ကို ကင်းလှည့်ရန် ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘိုမြို့ အ နောက်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေသောကြောင့် ကင်းဗျာရွာနှင့် အိုးဘိုရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကင်းဗျာရွာနဲ့ အိုးဘိုရွာက ပြည်သူတွေဟာ ညအချိန်မတော် ထွက်ပြေးနေရပါတယ်။ စစ်ကြောင်းတော့ မဟုက်ဘူး။ မြို့လုံခြုံရေးပတ်ကင်းလှည့်တာ မြို့အနောက်ဘက်က ကျွန်းတော(ကွန်းခြံ) ရောက်တိုင်း ရွာတွေဘက်ကို ပစ်တာ ၂ ညရှိပြီ ပြေးနေရတာ လက်နက်ကြီးပစ်တာက ရွာထဲတော့ကြတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အိမ်တွေတော့ အစမှန်ထားတာတွေရှိတယ်။ အခုလည်းပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article