25 C
Yangon

Breaking News- TNLA က သိမ်းပိုက်ထားသော မန်တုံ ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်

Must read

Breaking News- TNLA က သိမ်းပိုက်ထားသော မန်တုံ ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်

ရန်ကုန်၊ မတ် ၄

ရှမ်းမြောက်ဒေသတွင် တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် မန်တုံ ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။

ယနေ့ မတ်လ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အကြမ်းဖက်စစ်ကောင်စီ၏ ကြေညာချက်တွင် မန်တုံမြိုနယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ် တို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်းစစ်တိုင်းမှူးကို အာဏာကုန်လွှဲအပ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်လုံခြုံရေး အာဏာအားလုံးကို စစ်တိုင်းမှူးကို လွှဲအပ်ကြောင်း စစ်ကောင်စီက ကြေညာလာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော်TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့ ၇ ခုကို သိမ်းပိုက်ထားပြီး လက်ရှိတွင် TNLA ၏လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ်များ အကောင် အထည်ဖော်နေချိန်တွင် စစ်ကောင်စီက ယင်းသို့ ဆုံးရှုံးသွားသော မြို့နယ် ၃ ခုတွင် စစ်အုပ်ချုပ်ရေး ကြေညာလာခြင်းဖြစ်သည်။

“TNLA သိမ်းပိုက်ထားတဲ့နေရာတွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေ ညာတာက ဒီနယ်မြေတွေကို ပြန်သိမ်းမယ်လို့ ကြေညာတာနဲ့အတူတူပဲဆိုတော့ သိပ်မကြာခင် အပစ်ရပ်ရပ်စဲရေးတွေလည်း ကျိုးပျက်ပြီး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်။ TNLA ကို မြို့တွေ မပေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟု ရှမ်းမြောက်ဒေသအရေး စောင့်ကြည့်လေ့လာနေသူ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ခေါင်းဆောင် ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article