25 C
Yangon

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ စစ်တပ်၏ အမြောက်တပ်ရင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်ရင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် ထံမှ သိရသည်။

မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်ရင်း အဝင်ဂိတ် နှင့် တပ်ရင်းအတွင်း တန်းစီနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဗထူးတပ်မတော်က ၄၀ မမ ၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တန်းစီနေသည့် နေရာကို ၄၀ မမ ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး တပ်ရင်း ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တချို့ရှိကြောင်း သိရှိရသည်။

၂ဝ၂၄ ခုနှစ် အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် ဗထူးတပ်မတော် က သတိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန် ဗထူးတပ်မတော်က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article