24.9 C
Yangon

တာမခန်သို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်ကူစစ်ကြောင်း ပြုတ်သည်အထိ သေဆုံးသူများပြား လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကူစစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားပြီး သေဆုံးသူများပြားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ကသိုင်းတောင်မှ တာမခန်ကျေးရွာသို့ စစ်ကူဆင်းလားသော အင်အား ၆၀ ပါ စစ်ကြောင်းသည် မတ်လ ၃ ရက်နေ့နှင့် မတ်လ ၄ ရက်နေ့တို့တွင် တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းနောက် တာမခန်ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကူ စစ်ကြောင်း တပ်ချထားစဉ် KIA ဦးဆောင်သော တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားပြီး အနည်းဆုံး သေဆုံးသူ ၅၀ နီးပါးရှိကာ စစ်သားများ ထွက်ပြေးသွားကြောင်း၊ စစ်တပ်ဘက်မှ လက်နက် အလက် ၅၀ ကျော် သိမ်းဆည်းရရှိထားကြောင်း KIA သတင်းရင်းမြစ်က ဆုသိည်။

“တာမခန် စစ်တပ်ကုန်းကတော့ မရသေးပါဘူး။ တိုက်နေတုန်းပဲ။ စစ်ဆိုင်ထားတုန်းပဲ။ အခုက စစ်ကူ ဆင်းလာတဲ့ စစ်ကြောင်းကို ဘုန်းကြီးကျောင်းထဲမှာ နားနေတုန်း ဝင်တိုက်တာမှာ စစ်ကူစစ်ကြောင်းမှာပါတဲ့ စစ်သား ၅၀ လောက် သေတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီးသိမ်းဆည်းရရှိတယ်။ အဲဒီစစ်ကူစစ်ကြောင်းက တာမခန်ကျေးရွာကို မီးရှို့တဲ့ စစ်ကြောင်းပါ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တာမခန်ရဲစခန်းနှင့် တာမခန် ခမရ ၁၁၉ စခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး တာမခန်ရဲစခန်းကို သိမ်းဆည်းရရှိ ခဲ့ပြီးဖြစ်ကြောင်း၊ တာမခန်စစ်တပ် စခန်းကုန်း (ခမရ ၁၁၉) ကိုမူ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် စခန်းမကျရေး ဆက်လက် ခုခံနေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article