25 C
Yangon

တန့်ဆည်မြို့နယ်မှ ဆုတ်ခွာ ထွက်ပြေးလာသော စစ်ကြောင်းက ရေဦးမြို့နယ်အတွင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ဆုတ်ခွာ ထွက်ပြေးလာသော စစ်ကြောင်းက ရေဦးမြို့နယ်အတွင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့မှ စတင်ကာ တန့်ဆည်မြို့နယ်ထဲမှ ဆုတ်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ကို ပြန်လည် ဆုတ်ခွာလာပြီး ယနေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ဖလံဂုဏ်ရွာဘက်ကို ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဖလံဂုဏ်ရွာ ကားလမ်း တောင်ဘက်ဘေးရှိ မြင်းပေါက်ရွာနှင့် ဝက်ဖိုးရွာထဲကို ဝင်ရောက်နေပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် ဖလံဂုဏ်၊ မဲအိုး၊ တောင်ကုန်း၊ မြင်းပေါက်၊ ဝက်ဖိုး၊ဇဝနှင့် နှောကုန်း စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ခွေးဘီလူးစစ်တပ်က ရေဦးအထိုင်ဖြစ်တာကြောင့် မနေ့ညက တန့်ဆည်နယ် ကုန်းရိုးရွာမှာ တစ်ညအိပ်ခဲ့တယ်။ ဒီနေ့မနက် ကုန်းရိုးရွာကနေ ရေဦးနယ် အနောက်ခြမ်း ဖလံဂုဏ်ရွာဘက်ကိုဝင်လာတယ်။ အခု ဖလံဂုဏ်ရွာကနေ ကားလမ်း တောင်ဘက်ဘေးမှာရှိ တဲ့ မြင်းပေါက်ရွာနဲ့ ဝက်ဖိုးရွာထဲကိုဝင်နေပြီ ကန့်ဘလူနယ်က ဝါသဝပျူစစ်ကြောင်းကလည်း ဒီနေ့မနက်ပဲ ကန့်ဘလူနယ်ထဲကို ပြန်ဝင်ဖို့ တန့်ဆည်မြို့ပေါ်ကနေ လှုပ်ရှားနေပြီ ကံထူးမစခန်းကို စစ်ကောင်စီတပ်တွေ အပြီးပိုင် မထိန်းချုပ်နိုင်တော့ဘဲ ပြည်သူအစုလိုက် အပြုံလိုက်သတ်ဖြတ်သွားပြီး ဆုတ်ခွာထွက်ပြေးသွားပါပြီ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ရေဦးမြို့နယ်အတွင်း ပြန်လည် ဆုတ်ခွာ ထွက်ပြေးလာသော စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နှင့် ၂ မိုင်ခန့်ဝေးသည့် မြင်းပေါက်ရွာနှင့် ဝက်ဖိုးရွာတွင် ရောက်ရှိနေပြီး မည်သည့်နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို မသိရသေးကြောင်း ကိုထူးခန့်ဇော်က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article