25 C
Yangon

ကောလင်းမြို့နယ်၊ ဘုရားကုန်းရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများ သေဆုံး မှုများပြား

Must read

ကောလင်းမြို့နယ်၊ ဘုရားကုန်းရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများ သေဆုံး မှုများပြား

■ စစ်တပ်၏ မီးရှို့မှု၊ လေကြောင်းမှ ဗုံးကျဲပစ်ခတ်မှုတို့ကြောင့် စာသင် ကျောင်း၊ ဆေးခန်းနှင့် ပြည်သူ့နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အရှေ့ခြမ်း သစ်ဖုလဘုကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ် သား ထိခိုက်သေဆုံးမှုများပြားကြောင်း ကောလင်းစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကောလင်းမြို့နယ်၊ အရှေ့ခြမ်းရှိ သစ်ဖုလဘုရားကုန်း စစ် တပ် စခန်းကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးခဲ့ပြီး သေဆုံးစစ်သားအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း ခဲ့ရ ကြောင်း သိရသည်။

“အဲဒီစခန်းသိမ်းပိုက်မှုမှာက ခွေးသေများတယ်၊ ဘယ်လောက်သေတယ်ဆိုတာက တပ်ရင်းကနေ အတည်ပြုမှ သိရမယ်၊သစ်ဖုလအထိုင်စခန်းကိုတော့ ကိုယ့်ဘက်က ရှင်းလိုက်တယ်၊ ဘုရားကုန်း ပေါ်မှာက လှိုဏ်ဂူကြီးရှိတယ်လေ၊ အဲဒါကို အထိုင်လုပ်ထားတာ၊ အဲဒါကိုသိမ်းပိုက်လိုက် နိုင်တယ်၊ အဲဒီအပေါ်မှာ ကိုယ့်ဘက်နေရာယူထား၊ မယူထားလားတော့ မသိရဘူး၊ အဲဒီတိုက်ပွဲမှာက လေယာဉ် ပစ်ကူ ၂ ကြိမ်လာတယ်၊ မတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ ၂ ရက်ဆက်တိုက်ပဲ။ သစ်ဖုလကုန်းအနီး တဝိုက်ကရွာတွေကို လှည့်ပတ်ဗုံးကျဲပစ်သွားတာ၊” ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများသည် ခံသာကျေး ရွာဘက်သို့ ဆုတ်ခွာ သွားပြီး ခံသာကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ငါးကြီးအိုင်ကျေးရွာမှ ပြည်သူ့နေအိမ် အမြောက် အများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကြောင့် လူနေအိမ် ၄ လုံး၊ ကျန်းမာရေးဆေးခန်းတစ်လုံးနှင့် အထက စာ သင်ကျောင်းဆောင် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“သစ်ဖုလကနေရှုံးပြီး ဆုတ်သွားတဲ့ စစ်ခွေးတွေက ကျောက်တန်းတို့ ဘာတို့ ခံသာရွာတို့ ဘက်ကို ဆုတ်တာ၊ သူတို့ရှုံးတော့ သူတို့ဝင်တဲ့ရွာတွေကို မီးတွေရှို့တယ်၊ အထိနာပြီး ဆုတ်တာ၊ အခုသိထားရ တာက ငါးကြီးအိုင်ရွာဘက်မှာပဲ သိထားရသေးတယ်၊ ငါးကြီးအိုင်ရွာကို ကျ ၂ ကြိမ်မြောက်ထပ် ရှို့ တယ်၊ ဒီနေ့လည်း ထပ်ရှို့နေတယ်၊ ငါကြီးအိုင်ရွာဆိုရင် စစ်ကူတက်တုန်းကတစ်ခါရှို့တယ်၊ အခု ပြန် ဆုတ်တော့ တစ်ခါထပ်ရှို့တယ်၊ ခံသာရွာ၊ ကျောက်တန်းရွာလည်းရှို့တယ်၊ နေအိမ်အလုံးရေ ဘယ် လောက်ကုန်ပြီလဲတော့ မသိရသေးဘူး၊” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က ခံသာကျေးရွာကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် အလုံး ၂၀ ခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ငါကြီးအိုင်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article