Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း ထိုးကျနေ
ရန်ကုန်၊ မတ် ၅
Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ယခု ဝင်မရတော့ကြောင်း၊ တစ်ကမ္ဘာလုံးရှိ အကောင့်များအားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ထိုးကျနေ ကြောင်း သိရှိရသည်။
မိမိ၏ ဖေ့ဘုတ်စ်အကောင့်ကို ဝင်ပါက “session expired, please log in again.” ၊ “Unable to log in. An unexpected error occurred. Please try logging in again.” ၊ “password you’ve entered is incorrect.” ဆိုသော စာသားများ ပြနေကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။
