25 C
Yangon

အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် စစ်ကား ၂ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကားတစ်စီး ပျက်စီး

Must read

အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် စစ်ကား ၂ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကားတစ်စီး ပျက်စီး

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံပြားကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၄ ရက် နံနက် ၅ နာရီ ၁၆ မိနစ်ခန့်က မုံရွာမြို့ဘက်မှ စစ်ကား ၂ စီး၊ အရာတော်မြို့ ဘက်မှ စစ်ကား ၂ စီးတို့ ထွက်လာပြီး မုံရွာ – အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းအနီး၌ အပြောင်းအလဲ ပြုလုပ်ကာ အရာတော်မြို့ဘက်သို့ ပြန်ထွက်လာသည့် သံပြားကာ ကား ၂ စီးကို ဝါးတန်းကျေးရွာစာသင်ကျောင်းအနီးမှ စ၍ မန်းကျီးသုံးပင်ကျေးရွာအထိ ပဒေသာမိုင်းပွိုင့် ၃ နေရာ၊ မိုင်းပွိုင့် ၁၅ နေရာတို့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကိုက် ၅၀ အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး ကားပေါ်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသော အကြမ်းဖက်တပ်သားများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူ့ကား ၃ စီးကို ချောဆွဲ၍ ဓားစာခံ ခေါ် ဆောင်သွားခြင်းများပြုလုပ်ခဲ့သည့်အပြင် ၅၀၀၄ တင့်ကားတပ်မှ တင့်ကားတစ်စီးရောက်ရှိလာပြီး ပျက်စီးသွားသော သံပြားကာကားကို ဆွဲယူ၍ အရာတော် စ.ခ.တ – ၁၀ တပ်ထဲသို့ ဝင်ရောက် သွား ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ Ayadaw Rocket LPDF၊ မုံရွာခရိုင်တပ်ရင်း ၂၁ ၊ မုံရွာ ခရိုင်တပ်ရင်း ၂၄ ၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ ကျားသစ်နက် တပ်ဖွဲ့၊ အရာတော်ပကဖ တိုက်နယ် ၁၁ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article