26 C
Yangon

ကောလင်း၊ သစ်ဖုလှဘုရားကုန်းစခန်းကို စစ်ကူလာသည် စစ်တပ်ကို တိုက် ခိုက် မှု စစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

Must read

ကောလင်း၊ သစ်ဖုလှဘုရားကုန်းစခန်းကို စစ်ကူလာသည် စစ်တပ်ကို တိုက် ခိုက် မှု စစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းလမ်းဆုံ၊ သစ်ဖုလှ ဘုရားကုန်းစစ်တပ်သို့ စစ်ကူပေး ရန်လာရောက်သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက ပြောဆိုထုတ်ပြန်သည်။

မတ်လ ၂ ရက်နေ့တွင် ကောလင်းမြို့နယ် ၊ ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား အလောင်း ၃ လောင်း ၊ MA 3 သေနတ် တစ်လက်၊ ကင်း ထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီး ပြောင်းတစ် ခု နှင့် ခဲယမ်းအချို့ကျန်ရှိခဲ့ကာ ကျောက်တန်းရွာသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း ၊ ကောလင်းခရိုင် ပကဖ နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးကပ်အနေအထားတွင် ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံးသီး ၆ လုံး နှင့် စက်လက်ပစ်ခတ်မှုပြုလုပ်ခဲ့ရာ အထက ကျောင်းဆောင်ကြီး ၂ ဆောင်အပါအဝင် ပြည်သူ့နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

“သစ်ဖုလကနေရှုံးပြီး ဆုတ်သွားတဲ့ စစ်ခွေးတွေက ကျောက်တန်းတို့ ဘာတို့ ခံသာရွာတို့ ဘက်ကို ဆုတ်တာ၊ သူတို့ရှုံးတော့ သူတို့ဝင်တဲ့ရွာတွေကို မီးတွေရှို့တယ်၊ အထိနာပြီး ဆုတ်တာ၊ အခုသိထားရ တာက ငါးကြီးအိုင်ရွာဘက်မှာပဲ သိထားရသေးတယ်၊ ငါးကြီးအိုင်ရွာကို ၂ ကြိမ်မြောက်ထပ် ရှို့ တယ်၊ ဒီနေ့လည်း ထပ်ရှို့နေတယ်၊ ငါကြီးအိုင်ရွာဆိုရင် စစ်ကူတက်တုန်းကတစ်ခါရှို့တယ်၊ အခု ပြန် ဆုတ်တော့ တစ်ခါထပ်ရှို့တယ်၊ ခံသာရွာ၊ ကျောက်တန်းရွာလည်းရှို့တယ်၊ နေအိမ်အလုံးရေ ဘယ် လောက်ကုန်ပြီလဲတော့ မသိရသေးဘူး၊” ဟု ကောလင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article