ဒီကနေ့ မတ် ၇ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ ကနီမြိုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေတယ်လို ဒေသကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြိုနယ်မှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ ထောက်ပိုစစ်ကြောင်းတိုကို ဒရုန်းဗုံး၊ လက်နက်ကြီး၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေသွားတယ်လို Young Force – UG တပ်ဖွဲမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။
- ဟောင်ကောင်မှာ ဘိုးဘွားပြုစုစောင့်ရှောက်ရေးလုပ်ဆောင်ဖို သင်တန်းတက်ပြီး ၄၅ ရက်အတွင်း သွားရမယ်လိုဆိုပြီး Great Synergy Manpower ကုမ္ပဏီက သင်တန်းသား ၉၀ ကျော်ဆီကနေ ငွေကျပ် သိန်းပေါင်း ၁၂၀၀ ခန့် ငွေကြေးလိမ်လည်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar