25 C
Yangon

မကွေးမြို့ပေါ် တိုင်းဝန်ကြီးချုပ်ရုံးနှင့် တိုင်းလွှတ်တော်ဝင်း အနီးရှိ ကန်သာကန်ဘောင်တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

Must read

မကွေးမြို့ပေါ် တိုင်းဝန်ကြီးချုပ်ရုံးနှင့် တိုင်းလွှတ်တော်ဝင်း အနီးရှိ ကန်သာကန်ဘောင်တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ မကွေးမြို့ပေါ် တိုင်းဝန်ကြီးချုပ်ရုံးနှင့် လွှတ်တော်ဝင်းအနီးရှိ ကန်သာကန်ဘောင်တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးကြောင်း မကွေးမြို့မှ ပြည်သူများနှင့် မကွေးတိုင်းစစ်ကောင်စီသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မကွေးမြို့၊ ကန်သာကန်ဘောင်ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လူ ၁ ဦး ပွဲချင်းပြီး အပိုင်းပိုင်းပြတ်၍ သေဆုံးခဲ့ပြီး သေဆုံးသူသည် ဗုံးထောင်သူဖြစ်သည်ဟု ရဲနှင့်စစ်ဘက်က အစီရင်ခံစာ ရေးသားပေးပို့ထားကြောင်း သိရှိရသည်။

“ဗုံးထောင်ရင်းသေတာက ပျူစောထီးဒါမှမဟုတ် စစ်ခွေးဖြစ်ဖို့များတယ်လို့ ပြည်သူတွေက မှတ်ချက်ပေးကြတယ်။ PDF ဆိုရင် အများပြည်သူသွားလာအပန်းဖြေရာဖြစ်တဲ့ ကန်သာကန်လိုနေရာမှာဗုံးထောင်တာမျိုးလုပ်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးကြတယ်။ ဗုံးထောင်ရင်း လက်ထဲတင်ပေါက်သွားတာလို့ပြောတယ်။ သေတဲ့လူကတော့ တစ်စစီပဲ” ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲသည့် ကန်သာကန်ဘောင်သည် မကွေးတိုင်း လွှတ်တော်၊ မကွေးတိုင်း၊ ဝန်ကြီးချုပ်၏ အစိုးရရုံးနှင့် အလွန်နီးကပ်ပြီး ဗုံးပေါက်ကွဲသံကို မြို့မှ ပြည်သူများအားလုံး ကြားလိုက်ရကြောင်း ၊ လက်ရှိတွင် မကွေးမြို့ပေါ်တွင် ကင်းပုန်းများ ချထားပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း၊ မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းများ စစ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article