25 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အနီး ထိုင်းနယ်နမိတ်အတွင်းတွင် ဘိန်းစိုက်ခင်းတွေ့ရှိ

Must read

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အနီး ထိုင်းနယ်နမိတ်အတွင်းတွင် ဘိန်းစိုက်ခင်းတွေ့ရှိ

ရန်ကုန်| မတ် ၇

ထိုင်း-မြန်မာနယ်စပ် တစ်နေရာဖြစ်သည့် တာ့ခရိုင် ဖိုးဖမြို့နယ် ခလီလာ့တ်ကျေးရွာအနီးတွင် ဘိန်းစိုက်ခင်း တစ်နေရာကို ထိုင်း အာဏာပိုင်ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းဖက်ကလာသည့် သတင်းများအရ သိရသည်။

အဆိုပါ ဘိန်းစိုက်ခင်းအား ထိုင်းပြည်သူတစ်ဦးက တွေ့ရှိ၍ ဒေသအာဏာပိုင်းအဖွဲ့ကို သတင်းပေးတိုင်ကြားရာမှ ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် แม่สอด มีเดีย – Mae Sot Media က ရေးသားဖော်ပြထားသည်။

ထိုသို့ စစ်ဆေးတွေ့ရှိသည့် ဘိန်းစိုက်ခင်းသည် တစ်ဧကကျော်ခန့်ရှိကြောင်း၊ ထို့အပြင် စိုက်ခင်း စိုက်ပျိုးထားသည့် နေရာသည် ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မင်းလက်ပံရွာနှင့်လည်း နီးကပ်ကြောင်း ထိုင်းသတင်းဌာနများက ရေးသားကြသည်။

လက်ရှိ စစ်ဆေးတွေ့ရှိရသည့် အဆိုပါ ဘိန်းစိုက်ခင်းအား ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့မှ ဖျက်စီးပစ်ခဲ့ပြီး စိုက်ခင်းပိုင်ရှင်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်နေခြင်းကြောင့် ဖမ်းဆီးအရေးယူနိုင်ရေး မြေယာပိုင်ဆိုင်မှုကို မြေစာရင်းဦးစီးဌာနသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

ဘိန်းစိုက်ခင်းနှင့်ပတ်သက်ပြီး လွန်ခဲ့သော ၁၅ နှစ်ဝန်းကျင်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင်းအဖွဲ့စည်းတစ်ခုဖြစ်သည့် BGF အဖွဲ့က စိုက်ပျိုးရောင်းဝယ်ခြင်းများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သို့သော်လည်း ယင်းခုနှစ်နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ကာစီနိုလောင်းကစားလုပ်ငန်းများ ပေါ်ပေါက်လာ၍ လက်ရှိတွင် ပျောက်ကွယ်သွားကြောင်း မဲဆောက်မြို့နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။

ထို့ပြင် လက်ရှိ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် စိတ်ကြွရူးသွပ်ဆေးပြား အနည်းငယ်သာ ဖမ်းဆီးရမိခြင်းများရှိပြီး အများအပြားဖမ်းဆီးရမိခြင်းများ မတွေ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article