25 C
Yangon

ဝိုင်းမော်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ကို KIA က ပစ်ခတ် တိုက်ခိုက်မှု ပွဲချင်းပြီး သေဆုံး

Must read

ဝိုင်းမော်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ကို KIA က ပစ်ခတ် တိုက်ခိုက်မှု ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မတ် ၇

ကချင်ပြည်သူနယ်၊ ဝိုင်းမော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ကို KIA က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၇ ရက်နေ့တွင် လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ဦးဆောင်သော အဖွဲ့ကို KIA က ဝိုင်းမော်မြို့ အထွက်တွင် ကြားဖြတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်းသေပြီ ဒီနေ့ မနက် ဝိုင်းမော်အထွက်မှာ KIA ကကြားဖြတ် တိုက်ခိုက်လို့ သေတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းသည် စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားခဲ့ကြောင်း၊ ဦးရွှေမင်းသည် ပြည်သူ့စစ်အဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နိုဝင်ဘာလ ၁ ရက်နေ့အချိန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article