25 C
Yangon

ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ဝန် ထမ်းများအားလုံးကို ည တွင်းချင်း ၂ နာရီအတွင်း ရွှေ့ခိုင်းပြီး စစ်တပ်က ဝင်ရောက်တပ်စွဲ၊ ဗန်းမော်တစ်မြို့လုံးတွင် စစ်တပ်က ခံစစ်ပြင်

Must read

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ဝန်ထမ်းများအားလုံးကို ညတွင်းချင်း ၂ နာရီအတွင်းရွှေ့ခိုင်းပြီး စစ်တပ်က ဝင်ရောက်တပ်စွဲလိုက်ကြောင်း ဗန်းမော်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်အချိန် စစ်တပ်က ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်လာပြီး ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများကို နေရာ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်း ၊ ယင်းနောက် ဗန်းမော်တက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရှိရသည်။

“စစ်သားတွေ တက္ကသိုလ်ထဲဝင်လားပြီးတော့ လုံခြုံရေးအရ ရွှေ့ပေးရမယ်ဆိုပြီး ၂ နာရီအတွင်း ချက်ချင်းရွှေ့ခိုင်းတယ်။ ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေက အခြားတက္ကသိုလ်တွေဘက်ဆီ ရွှေ့ပေးတယ်။ နန့်ဖားနဲ့ ၃ မိုင် နည်းပညာတက္ကသိုလ်ဘက်တွေမှာ ဝန်ထမ်းနဲ့ ဆရာ၊ ဆရာမတွေ ရွှေ့ပေးတယ်။ ကျောင်းသားကျောင်းသူတွေကတော့ ဒီနေ့ မနက်ပိုင်း နေရပ်ပြန်ကြမယ့်သူတွေ များတယ်” ဟု ဗန်းမော်တက္ကသိုလ်ကျောင်းသားတစ်ဦးက ရှင်းပြ သည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်း ဗန်းမော်လေဆိပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသဖြင့် မြို့တွင်းလမ်းများနှင့် လေဆိပ်သွားလမ်းများကိုလည်း ပိတ်ဆို့ထားကြောင်း၊ ဗန်းမော်တစ်မြို့လုံးတွင် စစ်တပ်က အလုံးအရင်းဖြင့် တပ်ဖြန့်ပြီး သဲအိတ်များ၊ ကတုတ်ကျင်းများ ပြင်ဆင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ညပိုင်း ဗန်းမော်တက္ကသိုလ်အတွင်းမှ ကျောင်းသားကျောင်း သူများ ထွက်ခွာနေကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ညပိုင်း ဗန်းမော်တက္ကသိုလ်အတွင်းမှ ကျောင်းသားကျောင်း သူများ ထွက်ခွာနေကြစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article