26 C
Yangon

မြဝတီမြို နယ်၊ သင်္ကန်းညီနောင် ခမရ ၃၅၅ တပ်ရင်းနှင့် စစ်ဗျူဟာကုန်းတိုကို KNLA ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်နေပြီး စစ်လေယာဉ်များက တောက်လျှောက်ဗုံးကျဲနေ

Must read

စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ မတ် ၈

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်၏ ခမရ ၃၅၅ တပ်ရင်းနှင့် စစ်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်း ကစတင်ပြီး မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ရှိ အကြမ်းဖက် စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာများကို KNLA ပူးပေါင်းတပ်ဖွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၈ ရက်နံနက်ပိုင်း အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာမှ ပြည်သူအမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လောလောဆယ် သိရတာကတော့ ပြည်သူ ၁ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်လို သိရတယ်၊ မနေ့ ညပိုင်းကတည်းက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အသုံးပြုပြီး ဗုံးကျဲနေတာ၊ အာရှလမ်းနဲ့ ကုန်သွယ်ရေးဇုန်ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ပွဲကြောင့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ ပိတ်မိနေပြီး ဒေသနေပြည်သူ တစ်ထောင်ကျော်မှာလည်း မြဝတီမြိုပေါ်သို စစ်ဘေးရှောင်နေကြရကြောင်း၊ မြဝတီမြို အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၂၇၅ တပ်ရင်းမှလည်း သင်္ကန်းညီနောင် ဗျူဟာဘက်သို လက်နက် ကြီး များဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီက လက်ရှိတွင် မြစန္ဒီ တိုးချဲ့ရပ်ကွက်ထဲသို ၂ ရက်ဆက်တိုက် ဖျက်အားပြင်း ဗုံးများ ကျဲချနေကြောင်း၊ မဲကနယ်၊ ကွက်သစ်တိုဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ မြ၀တီမြိုပေါ်တွင် တိုက်လေယာဉ်များ ပျံဝဲမှုများရှိခဲ့ကြောင်း သိရှီရသည်။

“ဒီနေ့ မြဝတီ မြိုပေါ် စစ်တပ် တိုက်လေယာဉ် ၂ စီးဝဲနေတယ်။ မြစန္ဒီ တိုးချဲ့ ရပ်ကွက်ထဲကို ၂ ရက် ဆက်တိုက် ဖျက်အားပြင်းဗုံးတွေကျဲ ချတယ်။ ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းကနေ မွန်းတည့်ပိုင်း ၁၂ နာရီ ၁၅ မိနစ်ထိ အဆက်မမြတ် ဗုံး ကျဲချနေတယ်။ မြစန္ဒီ တိုးချဲ ရပ်ကွက် ထဲဆီကို ကျဲချနေတာ။ စစ်တပ်က လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်နေတယ်။

တိုက်ပွဲဧရိယာတွေက မဲကနယ်၊ မြစန္ဒီ၊ ကွက်သစ်၊ သင်္ဃန်း ညီနောင် တိုက်ပွဲတွေ ဖြစ်နေတာ။ လက်နက်ကြီးတွေက အဓိက ကျောက်တောင် ဘက်ကို ၄ နေရာလောက်ပစ်နေတယ်” ဟု မြ၀တီမြိုနယ်မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article