25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၈ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း ၉ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားတဲ့ KIA ဦးဆောင်မှု တိုက်ပွဲမှာ ရခိုင့်တပ်တော် AA ပါ ပါဝင်တိုက်ခိုက်နေပြီး ၊ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဆက်လက် ပြင်းထန်နေတယ်လို့ ရခိုင့်တပ်‌တော် AA က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုက မြစ်ကြီးနားလေတပ်ကို မနေ့က မနက်ပိုင်းမှာ KIA ဦးဆောင်တဲ့ မဟာမိတ် တပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး Mi17 ရဟတ်ယာဉ်တစ်စီး နဲ့ လေယာဉ်တစ်စီး ထိခိုက်ပျက်ဆီး သွားတယ်လို့ နေပြည်တော်လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ‌ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ရိက္ခာလာပို့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article