25 C
Yangon

ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် အများအပြား ပျက်စီး

Must read

ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ မတ် ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၄ ရက်နေ့နှင့် မတ်လ ၆ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပြိုကျ ပျက်စီးခဲ့သည့်အပြင် အချို့နေအိမ်များမှာ မီးလောင်ပြာကျခဲ့ကြောင်း၊ တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ်များလည်း ရှိကြောင်း KNU တပ်မဟာ ၄ မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ် နားက ပြောကြားသည်။

“ဗုံးထိသွားတဲ့အိမ်တွေက မြို့ထဲကပါပဲ။ ဒီတနေရာတည်းကိုပဲ ထပ်ခါထပ်ခါ လာကျဲသွားတာ။ မြို့က လည်း ငယ်ငယ်လေးလေ။ မီးလောင်သွားတဲ့အိမ်တွေကလည်း ဗုံးသီးလာကျပြီး ထလောင်တာပါပဲ” မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောဆိုသည်။

မေတ္တာမြို့ထဲသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မေတ္တာမြို့ ဗျူဟာကုန်းစခန်းမှလည်း လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိကြောင်း၊ မတ်လ ၄ ရက်နေ့က အကြမ်းဖက်စစ် တပ်က လက်နက်ကြီဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး မျက်လုံးကို ဗုံးစထိမှန်ခဲ့ပြီး မျက်လုံး ကွယ်သွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မြို့နေပြည်သူအားလုံနီး ပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က မေတ္တာမြို့အပြင် အရှေ့တောဒေသ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး နှင့် ရွှေချောင်းကျေးရွာတို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံ၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ ဗလီနှင့် နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article