26 C
Yangon

ပုလောမြို့နယ်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုနှင့် ခလရ ၂၈၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပုလောမြို့နယ်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုနှင့် ခလရ ၂၈၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုနှင့် ခလရ ၂၈၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက် စစ်တပ်၏ တစ်မိုင် တောင်စခန်း၊ ပုလောကုန်းစခန်းနှင့် ခလရ ၂၈၅ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် စုစုပေါင်း ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများရှိပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” စစ်ခွေး သေဆုံးမှု စာရင်းကိုတော့ ကျွန်တော်တို့ဘက်က ဆက်လက် စုံစမ်းနေဆဲပါ ၂၈၅ တပ်ရင်းမှာတော့ လူနာတင်ကားတွေ ဝင်သွားတာ တွေ့တယ်လို့ သိထားရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒရုန်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ခွေးတွေ လက်နက်ကြီးပစ်တာ ရပ်သွားတယ်” ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း၊ ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ အကြမ်းဖက် စစ်တပ်၏ ယာဉ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများ တူးထားရန်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နေပေးကြရန် မေတ္တာရပ်ခံကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article