25 C
Yangon

ဘားအံမြို့ရှိ တပ်မ ၂၂ မှ စစ်သားများကို ရဟတ်ယာဉ် ၃ စီးဖြင့် ခေါက်တုံ့ခေါက်ပြန် မြ၀တီမြို့နယ်ဘက်သို့ ပို့ဆောင်နေ

Must read

ဘားအံမြို့ရှိ တပ်မ ၂၂ မှ စစ်သားများကို ရဟတ်ယာဉ် ၃ စီးဖြင့် ခေါက်တုံ့ခေါက်ပြန် မြ၀တီမြို့နယ်ဘက်သို့ ပို့ဆောင်နေ

ရန်ကုန်၊ မတ် ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၂၂ ) မှ စစ်သားများကို Mi17 ရဟတ်ယာဉ် ၃ စီးဖြင့် ခေါက်တုံ့ခေါက်ပြန် မြ၀တီမြို့နယ်ဘက်သို့ ပို့ဆောင်နေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

“ဘားအံ တပ်မ ၂၂ ကနေ စစ်လေယာဉ် သုံးစီးဖြင့် စစ်ကူရော ပစ္စည်းထုတ်တွေရော ဒီနေ့ ညနေ ၃ နာရီလောက် ကစပြီး မြဝတီမြို့နယ်ဘက်ဆီကို ၂ ကြိမ်တိုင်တိုင် ပျံသန်းသွားနေပါတယ်။ ခေါက်တုံ့ ခေါက်ပြန် စစ်ကူပို့နေတယ်လို့ ပြောလို့ရတယ်”ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

လတ်တလော မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ တပ်ရင်း၊ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး ခမရ ၃၅၆ ၊ စစ်တပ် ဗျူဟာကုန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ Mi17 ရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article