26 C
Yangon

မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံရှိ ၈၈၈၈ ဒီမိုကရေစီ လှုပ်ရှားမှု လူထုအရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို စစ်တပ်က ဖြိုချဖျက်ဆီး

Must read

မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံရှိ ၈၈၈၈ ဒီမိုကရေစီ လှုပ်ရှားမှု လူထုအရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို စစ်တပ်က ဖြိုချဖျက်ဆီး

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှိ ၈၈၈၈ အထိမ်း အမှတ် ကျောက်တိုင်ကို အကြမ်းဖက် စစ်တပ်က ဖြိုချဖျက်ဆီးခဲ့ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ည ၁၁ နာရီခန့်က မြောက်ဥက္ကလာမြို့နယ်အတွင်း တပ်စွဲထားသော စစ်သားများနှင့် ရဲများက လာရောက်ဖျက်ဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် အစိမ်းရောင် အကာအရံများကာရံ၍ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထပ်မံရောက်ရှိလာပြီး ကန်သာယာပန်းခြံ ပတ်လည်ကို လုံခြုံရေး ယူ ထားကာ ပြည်သူများကို ဖြတ်သန်းသွားလာခွင့်မပြုခဲ့ကြောင်း သိရှိရသည်။

” မနေ့က ည ၁၁ နာရီ‌လောက်မှာ စပြီး စစ်ခွေးတွေနဲ့ ရဲခွေးတွေ ပေါင်းပြီး ဖျက်ဆီးလိုက်တာပါ။ ဖျက်ဆီး ပြီးပြီးချင်းမှာပဲ အကာအရံတွေကာထားတာ တွေ့ရတယ်။ ပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပေးတော့ဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article