26 C
Yangon

ပုသိမ်တောင်ပေါ်တပ်နှင့် ကျုံပျော် ခလရ ၃၆ မှ ရခိုင်သို့ စစ်ကူသွားသော အရာ ရှိနှင့်စစ်သည်များ ရှေ့တန်းတွင် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက နာရေးရက်လည်သပိတ် သွပ်ခွင့်မပြု

Must read

ပုသိမ်တောင်ပေါ်တပ်နှင့် ကျုံပျော် ခလရ ၃၆ မှ ရခိုင်သို့ စစ်ကူသွားသော အရာ ရှိနှင့်စစ်သည်များ ရှေ့တန်းတွင် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက နာရေးရက်လည်သပိတ် သွပ်ခွင့်မပြု

■ တပ်တွင်း ကျန်ရစ်သူမိသားစုထံသို့ အိပ်မက်ပေးမှုနှင့်ခြောက်လှန့်မှု တချို့ ဖြစ်ပွား

ရန်ကုန်၊ မတ် ၁၀

ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပုသိမ်တောင်ပေါ်တပ်နှင့် ကျုံပျော် ခလရ ၃၆ မှ ရခိုင်သို့ စစ်ကူသွားသော အရာရှိနှင့်စစ်သည်များ ရှေ့တန်းတွင် သေ ဆုံးခဲ့သော်လည်း စစ်ကောင်စီက နာရေးနှင့် ရက်လည်သပိတ်သွပ် လုပ်ခွင့်မပြုကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပုသိမ်တောင်ပေါ်တပ်၊ ကျုံပျော် ခလရ ၃၆ တပ်အပါအဝင် တပ်များမှ စစ်ကူစစ်ကြောင်းများကို ရခိုင်သို့ စေလွှတ်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကူစစ်ကြောင်းများမှာ ရခိုင်တွင် သေဆုံးခဲ့ကြပြီး အဆက်အသွယ်မရတော့ကြောင်း၊ တပ်တွင်းနေထိုင်သူ မိသားစုများက AA ၏ သတင်းထုတ်ပြန်ချက်များကို သတင်းမီဒီယာများမှ တစ်ဆင့် သိရှိထား၍ အဆက်အသွယ်ပြတ်တောက်သူများကို သေဆုံးပြီဟု ယူဆနိုင်သဖြင့် နာရေးရက်လည် အမျှဝေ သပိတ်သွပ်ရန် ခွင့်တောင်းကြောင်း၊ တိုင်းမှူး၊ တပ်မမှူးနှင့်ဗျူူဟာမှူးများက အလောင်းမရ သရွေ့ သေဆုံးပြီဟု မပြောနိုင်ကြောင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်းသည် အဆက်အသွယ် ပြတ်တောက်မှုသာ ဖြစ်သည်ဟုဆိုကာ နာရေးရက်လည်နှင့် သပိတ်သွပ်ရန် ခွင့်တောင်းမှုများကို ပယ်ချကြောင်း သိရှိရသည်။

AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကူအဖြစ်ပေးပိုခဲ့သော စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြိုအခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြိုအခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ ၏ ပူးပေါင်းစစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း စစ်သား ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအတွင်း ထိုသို့ နာရေး ရက်လည် သပိတ်သွပ်ခွင့်မရသည့်အတွက် ရှေ့တန်းတွင် သေဆုံးခဲ့ကြသော စစ်သားတချို့နှင့် အရာရှိတချို့၏ ကျန်ရစ်မိသားစုများကို သေဆုံးသူတချို့က အိပ်မက်ပေးခြင်း၊ ခြောက် လှန့်ခြင်းများ ကြုံတွေ့ရကြောင်း သိရှိရသည်။

“ရခိုင်ကို တပ်ကူလွတ်တဲ့ ဧရာဝတီက တပ်တွေ လေယာဉ်ပေါ်ကဆင်းဆင်းချင်းကျသွားတဲ့အထဲမှာ ပုသိမ်တပ်ရင်းကအတော်များများပါသွားတယ်၊ တပ်တွင်းမှာ မိသားစုတွေကိုတပ်က သတင်းဖုံးထားတယ်။ တပ်တွင်းမှာ သရဲခြောက် မှုတွေ ဖြစ်နေတယ်။ အဲဒါ မိသားစုတွေက အိပ်မက်ပေးတာ၊ ခြောက် လှန့်တာတွေကြောင့် ကျဆုံးတာကို သိသွားကြတော့ ရက်လည်သပိတ်သွတ်ဖို့ ခွင့်တောင်းတယ်။ တပ်ရင်းမှူးကခွင့်မပြုတဲ့အပြင် ခြိမ်းခြောက်မှုတွေလုပ်တယ်။ သေတယ်ဆိုတာ သူတို့ကို အကြောင်းကြားတာမရှိဘူး။ အဆက် အသွယ်ပြတ်ပဲရှိတယ်ပေါ့” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရှေ့တန်းတွင် သေဆုံးသူ စစ်သည်နှင့်အရာရှိတချို့၏ ကျန်ရစ်သူ မိသားစုဝင်တချို့ကလည်း တပ်တွင်း ခြောက်လှန့်မှုများ ဆိုးဝါးလာသည်ဟု ပြောဆိုသည်။

“တပ်တွေထဲမှာကလည်း ညရောက်ရင် ခွေးတွေက လိုင်းခန်းတွေဘက်လှည့်ဟောင် အူကြတယ်။ တပ်တွင်းလိုင်ခန်းရှေ့တွေမှာလည်း ညဆို လမ်းလျှောက်သံတွေ တစ်ညလုံး ဗျောင်းဆန်အောင် ကြားရတယ်၊ စားဖိုဆောင်တွေမှာလည်း အိုးခွက်သံတွေ ထွက်တာ တပ်လိုင်ခန်းခေါင်မိုးပေါ်ကိုလည်းခဲလုံးတွေ ညတိုင်း ပစ်တာ၊ ခဲကျသံတွေကြားရတယ်။ အဲဒါ တပ်မိသားစုတွေ တစ်ခန်းထဲမှာ လူစုပြီးအိပ်နေကြရတယ်။ အမျှဝေဖို့ကျတော့ တပ်က ခွင့်မပြုတော့ အဲဒီလိုတွေဖြစ်နေတယ်” ဟု ကျန်ရစ်သူ မိသားစုမှ တပ်မိသားစုဝင်တစ်ဦးက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article