25 C
Yangon

ပခုက္ကူ၊ မြစ်ခြေလမ်းခွဲတွင် လုံခြုံရေးယူနေသော ပျူစောထီးများနှင့် ယူကလစ်ကုန်းတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ

Must read

ပခုက္ကူ၊ မြစ်ခြေလမ်းခွဲတွင် လုံခြုံရေးယူနေသော ပျူစောထီးများနှင့် ယူကလစ်ကုန်းတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေလမ်းခွဲ၌ လုံခြုံရေးယူနေသော ပျူစောထီးများနှင့် ယူကလစ် ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး၊ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၉ ရက် နံနက်ပိုင်း ပခုက္ကူမြို့ပေါ်၌ အကြမ်းဖက်စစ်တပ် ထောက် ခံပွဲပြုလုပ်ပြီး ပြန်လာသောသူများကို ငါးဖောင်ကန် – မြစ် ခြေလမ်းခွဲ၌ လုံခြုံရေးယူပေးနေသည့် ပျူစောထီးများကို လည်းကောင်း၊ ၎င်းလမ်းခွဲအနီးရှိ ယူကလစ်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကိုလည်း ဒရုန်းဖြင့် ဗုံး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က ပခုက္ကူမြို့မှာ စစ်တပ်ထောက်ခံပွဲလုပ်တယ်၊ မြစ်ခြေဘက် အောင်သာ၊ ဘဲကြီး၊ မြို့ခင်းသာ တို့ဘက်က လာတဲ့ပျူတွေနဲ့လုပ်တာ၊ သူတို့က ပခုက္ကူကို သွားတယ်၊ အဲဒီတပ်ထောက်ခံပွဲသွားတဲ့ သူတွေကို ပျူတွေက ကင်းလာစောင့်တာ၊ လုံခြုံရေးလာယူပေးတာပေါ့၊ လုံခြုံရေးလာယူပေးတဲ့ အဖွဲ့ တွေကို ဗုံးကျဲခဲ့တာ၊ ယူကလစ်ကုန်းကလည်း အဲနားလေးမှာပဲရှိတာ၊ ဗုံးကျဲအပြီးမှာတော့ အော် တို တွေ ပစ်တာမျိုးတော့ရှိတယ်၊ အဲဒီမှာက စစ်တပ်က ဘန်ကာတွေနဲ့အပြည့်တပ်စွဲထားတဲ့နေရာ ဆို တော့အထိအခိုက်ကမသိရဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ဗုံးကျဲချမှုများတွင် မြစ်ခြေ – ငါးဖောင်ကန်လမ်းခွဲရှိ ပျူစောထီးများပေါ်သို့ တည့်တည့်ကျ ရောက်ပေါက်ကွဲခဲ့ပြီး ပျုစောထီး ၂ ဦး နှင့် စစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ယူကလစ် ကုန်းရှိ စစ်တပ်စခန်းပတ်လည်နေရာများ၌ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သားများက လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို DMG အဖွဲ့၊ တပ်ရင်း ၁၀ ၊ မြိုင်ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၂ – Thurain- TR နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Young Force UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article