25 C
Yangon

မြင်းခြံ နှင့် တောင်သာ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံး

Must read

မြင်းခြံ နှင့် တောင်သာ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာ၌ ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မတ်လ ၈ ရက်နေ့က မြင်းခြံမြို့မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ရွာကြီးကျေးရွာ၌ ဝင်ရောက် တပ်စွဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wing Drone များဖြင့် ၆၀၀ ဂရမ် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ရွာကြီးမှာပဲရှိသေးတယ်။ မြင်းခြံဘက်နေ ထွက်ပြီးတော့ နနွင်းဘို့ဘက်ကနေ ရောက်လာတာ ဗုံးကျဲတိုက်ခိုက်မှုကတော့ ၈ ဦးသေတယ်လို့ သတင်းရထားတယ်။ ပြန်ပစ်ခတ်တာမျိုးမရှိ ဘူး။ ကျွန်တော်တို့ ဗုံးချနေတုန်း ရွာမြောက်ဘက်က သံလမ်းလောက်အထိ ထွက်လာတယ် သတင်းရလို့ ကျနော်တို့လည်း‌ နောက်ပြန်ဆုတ်လာခဲ့လိုက်တာ ခွေးတွေက ရွာကြီးကျေးရွာ တောင်ဖျားက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့- မြင်းခြံ မန္တလေး – Mdy တပ်ရင်း ၃ ၊ တပ်ခွဲ ၁ ၊ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ၊ မြင်းခြံ ပကဖ ၊ M G 6 PDF နှင့် Tiger Brother မြစ်သား PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ‌ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – MDA 3 ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၉ ရက် နံနက် ၁၁ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို Shar Htoo WOW နည်းပညာသုံး Fix Wing Drone ဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – MDA 3 ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၄ တပ် ရင်း ၊ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း နှ့င် မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article