38 C
Yangon

အကြမ်းဖက် မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီတင်ပို့ခြင်းနှင့် ရေကြောင်းအာမခံပေးနေမှုများကို ဖြတ်တောက်ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ယနေ့ စတင်

Must read

အကြမ်းဖက် မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီတင်ပို့ခြင်းနှင့် ရေကြောင်းအာမခံပေးနေမှုများကို ဖြတ်တောက်ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ယနေ့ စတင်

ရန်ကုန်၊ မတ် ၁၀

မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုထံသို့ လေယာဉ်ဆီတင်ပို့ရောင်းချနေခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းအာမခံပေးနေမှုများကို ဖြတ်တောက်ပိတ်ဆို့ပေးရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို ယနေ့ စတင်လိုက်ကြောင်း Blood Money Campaign က တရားဝင် ကြေညာသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့မှ စတင်၍ ပြည်တွင်းပြည်ပ ပြည်သူလူထုများ ပူးပေါင်း၍ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများ ကုမ္ပဏီများက အကြမ်းဖက် စစ်တပ်သို့ လေယာဉ်ဆီဖြတ်တောက်ရေး လူထုလှုပ်ရှားမှုများအနေဖြင့် ပြည်သူတစ်ဦးချင်းစီ ပါဝင်နိုင်သော ဓာတ်ပုံကမ်ပိန်း၊ comment ကမ်ပိန်း letter ကမ်ပိန်း၊ လက်မှတ်ထိုး (petition) ကမ်ပိန်း၊ Twitter ကမ်ပိန်းများ ပြုလုပ်ရန်ရှိကြောင်း Blood Money Campaign က ကြေညာတိုက်တွန်းသည်။

ထို့ပြင် အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီတိုင်း ပါဝင်နိုင်သည့် အိတ်ဖွင့်ပေးစာ ကိုယ်တိုင်ပေးပို့ခြင်း၊ မြေပြင်လှုပ်ရှားမှုများများကိုလည်း မတ်လ ၁၀ ရက်နေ့မှ စတင်၍ ပြည်တွင်း၊ ဒေသခံ၊ ပြည်ပ အဖွဲ့အစည်းများမှ နည်းမျိုးစုံဖြင့် ပါဝင် လှုပ်ရှားကြမည် ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အသက်သေဆုံးသူများ ရာနှင့် ချီလျက် ရှိသည့်အပြင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မြေပြင်စစ်ရေး အသာစီးအရ ထိန်းချုပ်နယ်မြေများ ပိုမိုချဲ့ထွင်နိုင်ပြီး ပြည်သူများအတွက် လွတ်မြောက်နယ်မြေများ ပိုမိုဖြစ်ပေါ်လာစေရန် အတားအဆီး ဖြစ်နေသည်မှာလည်း စစ်အုပ်စု၏ လေကြောင်းရန်ကြောင့်ပင် ဖြစ်ကြောင်း Blood Money Campaign အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံတကာက လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှာတွင် ပြည်သူအားလုံးပါဝင်ရန် အထူး လိုအပ်နေခြင်း ဖြစ်ကြောင်း Blood Money Campaign က တိုက်တွန်းထားသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်များနှင့် တိုက်လေယာဉ်များကို ယမန်နှစ် တပ်တော်ဝင်ပွဲတွင် တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article