37 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နှင့် ထနောင်းပင်ရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နှင့် ထနောင်းပင်ရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နှင့် ထနောင်းပင်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းရှေ့တွင် ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ငါန်းဇွန်မြို့နယ် ထနောင်းပင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ၆၀၀ ဂရမ် ၁ လုံးချတဲ့ အချိန်မှာပဲ စစ်ခွေး ၃ ကောင်သေသွားတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရှိတယ်လို့ပြောတယ်။ မြို့သာ ရဲစန်းရှေ့မှာ ဘန်ကာနဲ့ ကားတွေကို တားပြီး ပိုက်ဆံ တောင်းနေတယ်လို့ သတင်းရလို့ သွားပြီးတော့ တိုက်ခိုက်တာပေါ့။ ထနောင်းပင်ရွာကတော့ သတင်းအချက်အလက်ရဖို့ ခက်ခဲအတွက် ကျွန်တော်တို့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ စစ်ခွေးတွေက ထနောင်းပင်ရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာပါ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article