25 C
Yangon

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံး

Must read

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၀

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဥ်နီးပါး ထိတွေ့မှုများ ရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်အတွင်း တိုက် ၆ လုံး ဝန်ထမ်းအိမ်ယာ တလျှောက်၌ ထိတွေ့ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး စစ်ဆင်ရေးများဆက်၍ ဆင်နွှဲနေကြောင်း သိရသည်။

“လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်လောက်တော့ ကျနော်တို့ တော်လှန်ရေးတပ်တွေ စိုးမိုးနိုင်တယ်လို့ ပြောရမှာပေါ့နော်၊ စစ်ကောင်စီတပ်တွေက အများကြီးကျန်ပါသေးတယ်၊ လွိုင်ကော်မြို့ရဲ့ အဓိက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဒကစတို့ အမတတို့ ခလရ တို့၊ ခမရတို့ စသည်ဖြင့်ပေါ့ ၂၆၁ ၊ ၅၄ စသည့်ဖြင့် အဲဒီတပ်ရင်းတွေအားလုံးကတော့ ရှိနေတုန်းပဲဖြစ်တယ်၊ သူတို့အခြေစိုက်တပ်ရင်းတွေကို တော့ မသိမ်းနိုင်သေးလို့ ပြောရမှာပေါ့၊ လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီရဲ့ လှုပ်ရှားတပ်တွေနဲ့ ကျနော် တို့တော်လှန်ရေးတပ်တွေနဲ့ကတော့ အမြဲတမ်းနေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတာပေါ့” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ ဆက်၍ တပ်စွဲထားနိုင်ပြီး မြေပြင် ထောက်ပို့ လမ်းကြောင်းများ ပြတ်တောက်၍ လေကြောင်းကိုသာ အားထားနေရသည့် အခြေနေရှိပါ ကြောင်း၊ စစ်ကောင်စီမှ လွိုင်ကော်မြို့တွင် နေ့စဥ် လက်နက်ကြီးများ ပစ်ခက်ခဲ့သည့်အပြင် လေကြောင်းဖြင့် ဗုံးကျဲခြင်း ၊ ကင်းထောက်လေယာဥ်များ ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်းသို့ မီး လောင် ဗုံးများကျဲချခြင်းတို့ကို နေ့စဥ်နီးပါး ပြုလုပ်ခဲ့ရာ လူထုနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ရှားတောမြို့အတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများ အပါ အဝင် ဗျူဟာကုန်းအား ဖေဖော်ဝါရီလ ၁၂) ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီး သတ် ချေမှုန်းသိမ်းပိုက်ကာ ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗိုလ်မှူးကြီး ၊ ဒု-ဗိုလ်မှူးကြီး ၊ ဗိုလ်မှူး ၊ ဒုရဲမှူး များအပါအဝင် တပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိ သားစု ဝင်အချို့အား စစ်သုံ့ပန်းဥပဒေ ၊ နိုင်ငံတကာစည်းမျဥ်း စည်းကမ်း ဥပဒေများနှင့်အညီ ထိန်း သိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းအနီးတွင် ထိတွေ့မှုဆက်တိုက်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် အဆိုပါစခန်းကုန်းအား ကရင်နီတော်လှန်ရေး တပ်များ မှ အပြီးသပ်ချေမှုန်းသိမ်းယူ၍ လက် နက်ငယ် ၁၂ လက် ၊ လက်နက်ကြီး ၄ လက် နှင့်ခဲယမ်းကျည်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ပြည်သူလူထုအားပစ်မှတ်ထားသော လက်နက်ကြီးပစ်ခက်တိုက်ခိုက်မှုများအား ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီ၏ သံလွင်မြစ်ဘေး နှင့် အရှေ့ဖက်ခြမ်းရှိ ကရင်နီ- ထိုင်းနယ်စပ် တစ်လျှောက် အရေးပါသည့် တပ်စခန်းများဖြစ်သည့် ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်း တစ်ခုဖြစ် သည့် ကျားပါစပ်ကြီးစခန်း ၊ နမ့်ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းနှင့် သံလွင်မြစ် ဘေးတွင် အခြေပြုထားသည့် တာတမော့တပ်စခန်းတို့မှာ စခန်းစွန့်ခွာ၍ ဆုပ်ခွာသွား ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တာဝေးပစ် လက်နက်ကြီးပစ်ခက်ခြင်း ၊ လေကြောင်းတိုက်ခိုက်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံး၍ ဒဏ်ရာရရှိသူ ၄၂ ဦးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ကလေးငယ်များ ပညာသင်ကြားနေသော ဒီးမော့ဆိုမြို့နယ် ၊ ဒေါစီအိစာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက် လေ ယာဥ် ၅ စီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့၍ ကလေးငယ် ၄ ဦး ၊ လူကြီး အမျိုး သား ၁ ဦးသေဆုံး၍ အရပ်သားပြည်သူ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဥ် ၃ စီးဖြင့် ရှားတောမြို့နယ် အတွင်း ဆင်းသက်၍ စစ်ကူပို့ခဲ့သောစစ်ကြောင်းက ဒေသခံစစ်ဘေးရှောင်လူထုများအား လမ်းပြ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတွင် ညင်းပန်း နှိပ်စက်ကာ သတ်ဖြတ်ခဲ့၍ ကိုယ်ဝန်ဆောင် နှင့် မသန်စွမ်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ကလေးသူငယ် ၃ ဦးစုစုပေါင်း ၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား ကာ စစ်ကောင်စီတပ်က တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာတွင် ဒေသခံအရပ်သား ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဟူသွေကျေးရွာထဲသို့ နေအိမ်သန့်ရှင်းရေးပြန်လုပ်သည့် အမျိုးသားတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article