ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀စာအတွက် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့
ရန်ကုန်၊ မတ် ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာတွင် စစ်ဘေးရှောင် အသက်ကြီးရွယ်အို အဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀ စာအတွက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အလှူရှင်များကိုယ်စား ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်များကို လှူဒါန်းထောက်ပံ့မှုပေးခဲ့ကြောင်း သိရှိရသည်။