25 C
Yangon

မိုးဗြဲမြို့ကို တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် ဘုရားကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင် ပြာကျ

Must read

မိုးဗြဲမြို့ကို တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် ဘုရားကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင် ပြာကျ

ရန်ကုန်၊ မတ် ၁၀

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို တောမီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘုရားကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၉ ရက် နံနက် ၁၁ နာရီခန့်က မိုးဗြဲမြို့အနောက်မြောက်ဘက်မှ အစပြုကာ မိုးဗြဲမြို့ တွင်းသို့ လျှင်မြန်စွာ တောမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ထိုသို့ တောမီးကူးစက်လောင်ကျွမ်းမှုကို အမှတ် ၁၀၀၁ တပ်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မီးတားလမ်းများ၊ မီးငြှိမ်းသတ်ခြင်း များလုပ်ဆောင်ခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မိုးဗြဲမြို့တွင်းအထိ ကူးစက်လောင်ကျွမ်း သွားကြောင်း သိရသည်။

ထိုသို့ တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် မိုးဗြဲမြို့ရှိ ဘုရားကျောင်း ၁ ကျောင်း အပါအ၀င် လူနေ အိမ် အလုံးရေ ၁၀၀ ခန့် မီးလောင် ပြာကျသွားခဲ့ရကြောင်း အမှတ် ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် (MBPDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article